စကားလုံး ကဝေ
ဝး၀၅ တိမ်တွေငိုချလို့ 
ကျွန်တော်လည်း ပင်လယ်ဘ၀ရောက်ခဲ့ရပါပြီ
ကိုယ့်ရင်ဘတ်ကိုယ်စီးရင်း ရေငတ်
ဟိုတစ်မနက်ကတော့ နေနဲနဲသာတယ်
ဝး၁၀ အပြုံးလေးတစ်စက်နှစ်စက်
အကြည့်လေးတစ်ချက်နှစ်ချက်နဲ့ တင်
(ဟောဒီ့ကောင်…….)
အသက်ထွက်မတတ်
ခပ်နက်နက်ကလေးချစ်တတ်ခဲ့ဖူးတယ်ဗျ
ဝုန်းဒိုင်းကိုကြဲလို့ ………..
…………………………………………
ဝး၁၅ မပြောပါနဲ့ ………
………………………………….
အဲဒီ့နှုတ်ခမ်းဖျားကထွက်လာတဲ့ ဂီတ
ပက်ကြားအက်နွေတစ်ခုလို
ဘ၀ကိုခြောက်ကပ်ကပ်နိုင်စေခဲ့
(ဒါပေမယ့်……….)
ကျွန်တော်က နွေပျော်ငှက်………
……………………………………………
အတောင်ပံတွေတော့ ကြေမွနေခဲ့ရပေါ့ ။
ဝး၂၀ မုသားမပါ လင်္ကာမချော……တဲ့
လင်္ကာချောလည်း မုသားကတော့အမြဲပြောတယ်
(သူက………..)
စကားလုံးတွေရဲ့  ကဝေ
အနာဂတ်တွေ တေလေဘ၀ရောက်အောင် စွမ်းတယ်
ဝး၂၅ တိမ်တွေငိုချလို့ 
ကိုယ့်ရင်ဘတ်ကိုယ်စီရင်း ရေငတ်
အသက်ထွက်မတတ်
ခပ်နက်နက်ကလေးချစ်တတ်ခဲ့ဖူးတယ်ဗျ
(ဒါပေမယ့်……….)
ကျွန်တော်က နွေပျော်ငှက်
(သူက………….)
စကားလုံးတွေရဲ့  ကဝေ
အနာဂတ်တွေ တေလေဘ၀ရောက်အောင် စွမ်းတယ်…..
……………………………………………………………………။ ။
Comment #2
ကျေးဇူးအများကြီးတင်ပါတယ်………အစ်ကိုZa TaGwel ရေ……….
Comment #3
ကြိုက်တယ်
Comment #4
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ……..
Comment #6
ကျေးဇူးတင်ပါတယ်….အစ်ကိုချမ်းငြိမ်းရေ……..
Comment #7
အာ….မုသားမပါ လင်္ကာမချော……တဲ့
လင်္ကာချောလည်း မုသားကတော့အမြဲပြောတယ်
(သူက………..)
စကားလုံးတွေရဲ့  ကဝေ
အနာဂတ်တွေ တေလေဘ၀ရောက်အောင် စွမ်းတယ်
မိုက်တယ်
အစ်ကိုတော် မိုးထက် စကားလုံးတွေအရမ်းလှတယ်
Comment #10
ဒီကလေးပါပြန်ပြီ………:)
Comment #11
မုသားမပါ လင်္ကာမချော……တဲ့
လင်္ကာချောလည်း မုသားကတော့အမြဲပြောတယ်
(သူက………..)
စကားလုံးတွေရဲ့  ကဝေ
အနာဂတ်တွေ တေလေဘ၀ရောက်အောင် စွမ်းတယ်
Comment #12
special nice
Comment #13
သူက
စကားလုံးတွေရဲ့ ကဝေ
အနာဂါတ်တွေ တေလေဘ၀ရောက်အောင် စွမ်းတယ်
………………………
တော်တော်ကောင်းတယ်
Comment #1
မိနစ် ၂၀ လို့ပြောရမလား… ကြိုက်တယ်
၂ ခါ ဖတ်သွားတယ်။
အဲ… မိနစ် ၂၀ ကို သုံးခါ