ငွေစက္ကူတစ်ရွက်ပေါ်မှာရေးတဲ့ နှလုံးသားသေတမ်းစာ
ပြဇာတ်တစ်ပုဒ်ပြီးသွားတိုင်း
လက်ခုပ်ပဲတီးချင်တာလေ
အခုတော့
မျက်ရည်တွေဝဲ…လို့။
နာကျင်မှုတွေနဲ့ဇာတ်ညွှန်းကို
နှလုံးသားလေးတွေ ကပြကြ
ညကြေးရလိုက်တာ အလွမ်းတွေပဲ..။
လမ်းခွဲကြပါစို့လို့မပြောပဲ
လမ်း..ခွဲ..ကြ..ပါ..စို့။
ငါဘ၀ပန်းအိုးကွဲလေးမှာ
နင်မပျော်ပါနဲ့တော့ နှင်းဆီရယ်..။
တစ်ယောက်ကိုတစ်ယောက်
ဖက်တွယ်ထားတဲ့ကမ္ဘာတစ်ခု
ဘယ်နတ်ဆိုးမှ လာမလုနဲ့လို့
ငါတို့ကြွေးကြော်ခဲ့ကြဖူးတယ်..။
အခု
ရင်ဘတ်နှစ်ခုစလုံးကိုဖွင့်ထားလိုက်ပါပြီ။
နတ်ဆိုးတို့ရေ…
နှလုံးသားတွေကို သုံးဆောင်ပါလှည့်..။
ငါတို့ရဲ့သေတမ်းစာကို
ငွေစက္ကူတစ်ရွက်ပေါ်မှာ ရေးခဲ့မယ်။
ဘ၀အဆက်ဆက်
ဆုံဆည်းခွင့်မရှိတဲ့နှလုံးသားတွေကို
မတွယ်ပတ်ပါနဲ့လား
သံယောဇဉ်….ရယ်.။
Comment #2
နာကျင် တိုက်ဆိုင်မှုများစွာဖြင့်

Comment #3
ငါဘ၀ပန်းအိုးကွဲလေးမှာ
နင်မပျော်ပါနဲ့တော့ နှင်းဆီရယ်..။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘ၀အဆက်ဆက်
ဆုံဆည်းခွင့်မရှိတဲ့ နှလုံးသားတွေကို
မတွယ်ပတ်ပါနဲ့ လား
သံယောဇဉ်….ရယ်.။
အရမ်းကောင်းပါတယ်……ကိုနိုင်ကြီးရေ……..