အလင်္ကာ
ဘယ်လိုမှ တားမရခဲ့ဘူး…
အစဦးတည်းက ကိုယ့်ကိုကိုယ်မိုက်မဲမှန်းသိပါတယ်…
ရာဇ၀င်အဆက်ဆက်က နှလုံးသားမှတ်တမ်းတွေမှာ
သတိချပ်စရာတွေ ရှိတာ သိပါရဲ့နဲ့ သူမမျက်လုံးလက်လက်တွေအောက်
အသိတရားတွေကျပျောက်ဖူးတယ်…
အိပ်မက်ဆန်းနဲ့ လမ်းကြမ်းကြမ်းကိုမှ ရွေးလျှောက်ချင်တဲ့လူ
ပန်းဝတ်ရုံရဲ့ ကဝေလက်မှာ
အသက်ရှူတွေတောင်မှားလို့….
ချစ်ခြင်းတရားရဲ့ စာနာနားလည်မှုတွေအကြောင်း
သူမ ဘာတစ်ကြောင်းမှကို မသိပါဘူး
လေးမြတ်ချစ်ခင်မှုဆိုတာ စစ်ပွဲတစ်ရာထက် မွေးဖွားရခက်ခဲကြောင်းကိုလေ…….
ရှိစေ….
ဒီကျိန်စာနဲ့လူ
အိပ်မက်ဆိုတာ မီးခိုးတွေနဲ့ အမှတ်တရရှိခြင်း ကိုပေါင်းစပ်ထားတဲ့ဝိုင်တစ်ခွက်ပေါ့….
အထီးကျန်ခြင်းဆိုတာ နေ့နဲ့ညကိုဆက်ထားတဲ့ ဖြတ်မျဥင်္းတစ်ကြောင်း
သတိရခြင်းကတော့ အရှိန်အများဆုံး မြှားတစ်စင်း ဖြစ်တယ်
ခု အဲဒီလူ
ပန်းသီးတစ်လုံးကို တစ်ဘ၀စာ အကြွေစောင့်ရင်း
ဆောင်းနှင်းတွေကို တိုင်တည်
သူမအတွက် နွေးထွေးရာ ခြုံထည်တစ်ခု ဖြစ်ချင်နေတုန်း……………………..