စိတ်မရှည်မှု
“တစ်ဖက်သတ်” တဲ့…
ဘယ်လိုမှဘဝင်မကျနိုင်ပါဘူး
သည်ရင်ဘတ် တစ်ဖက်ထဲမှာ
ဝိရောဓိတွေ သတ်ပုတ်နေရတာ
ဘယ်လိုမှအဆင်မပြေပါဘူး…
သနားစရာ ဘက်ပဲ့နေမှုပါလေ…
“ကတိတွေ”၊ “ပတ်ဝန်းကျင်တွေ” ၊ “မိဘတွေ”…
အဲဒီ စကားလုံးကြီးကြီးတွေနဲ့
(ငါ့ကို…) သောက်အပိုတွေမပြောပါနဲ့…
ကဲ…
နဲနဲတော့ “ဖု” သွားတယ်မလား
မကျေနပ်ဘူးပေါ့လေ…
ဒါဆိုလည်း
“သောက်လူလည်ကြီး နင့်ကိုငါချစ်တယ်” လို့ သာ
ခပ်ရွဲ့ရွဲ့ ပြစ်ပြစ်နှစ်နှစ် ဆဲပစ်လိုက်ပါလေ…
P.S (အဲလိုခေါင်းလေးငုံ့ပြီး အပြုံးပန်းနဲ့ ကိုက်ထားတဲ့ နင့်နှုတ်ခမ်းလေးကို ချစ်တယ်…)
Comment #3
စိတ်မရှည်မှု……အရမ်းလှတဲ့ကဗျာလေးပါဗျာ……ကြိုက်တယ်ဗျ…..
By: moehtetaung18 at Nov 6, 2010
Comment #8
ညီလေး နေကောင်းပါတယ်နော်.. မတွေ့ တာကြာတော့ သဘောထားတွေကို သိပ်နားမလည်ဘူး ဖြစ်နေတယ်..
Email လေးပို့  ပြီးရှင်းပြပါလား ….. ကိုကြီး ဝဝ
By: ဖိုးဝလေး at Nov 24, 2010
Comment #10
he,,he,,lol,,,
nice poem
By: ei lay at Mar 25, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခစ် … ဆဲပုံလေးကို ကြိုက်တယ် … နုးနုးညံ့ညံ့လေး…:)