ခွင့်ပြု …
အထာမကျ တစ်ဖွဖွ
ရွတ်နေတတ်တဲ့
စာလုံးလေးတစ်လုံး
မင်းရဲ့နာမ်စားဖြစ်သွားခဲ့တာ
အသိမဲ့တဲ့ ငါ့ခန္ဓာကတောင်
အကျင့်တစ်ခုလို စွဲမြဲနေတတ်ပြီ..။
အဖြေမသိခင်မှာ အ၀ါကဒ်ထိခဲ့ရပေမယ့်
ရောက်တဲ့နေရာ ခြေစုံရပ်
ပြန်လှည့်ဖို့တော့ မစဉ်းစားခဲ့ပါဘူး
မင်းကို …
ငေးကြည့်နေခွင့်တော့ပေးပါ
ချစ်သူရယ် … နော် …။
Comment #2
ဟီး …
တော်သေးတယ် အနီကဒ်ပြပြီး
ကွင်းထဲက မထုတ်လို့ …
ခိခိ … ။
By: ယုစံ at Nov 8, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခက်တာပဲ
ငါ့ညီမက ဒိုင်လူကြီးကိုမှသွားချစ်တာကိုး
XD