မဟောင်းရုပ်သွင်
၁။ ခွန်းသံနွဲ့ သီ
နတ်ပန်းချီသို့ 
နှိုင်းပုံမမှီ
ချမ်းမြေ့ကြည်သည်
ပီဘိရင်တွင်း အလှတရား……။
၂။ သွဲ့ ပြောင်းဟန်ချီ
လှုပ်လီယဉ်နွဲ့ 
လှမ်းကြွခြေတော်
မြေပေါ်ဖ၀ါး
ထိလေတိုင်းတိုင်းမှာ
အသားတော်နု
သွေးခြည်ဥမှာ
အကျွန်စိုးမိပါလေဧ။်…….။
၃။ ဆည်းဆာနေခြည်
ပုဇွန်ဆီသန်း
ရောင်ဝါ၀င်းလဲ့
ဖြာထိုးကဲ့သို့ 
လေပြေအသော့
ကေသာကျော့မှာ
သူ့ ခါးလေတိုး
ကျိုးမှာစိုး……….။
၎။ အမှတ်မထင်
မြင်စဉ်ခဏ
မမေ့သာပြီ
ရင်တွင်းဖွဲ့ လာ
ရွှေရုပ်လွှာကို
တကြော်ကြော် တ
တသသ လွမ်း
လွမ်းသူမ သိ
သိလည်းမ ညှာ
ညှာခိုင်လုံးသက်
သူခြွေရက်သော်
ခြွေသူခြွေက
ကြွေရဲဧ။်……….။
၅။ နွေလည်းပူပူ
မိုးလည်းသည်းသည်း
ဆောင်းလည်းနှင်းဝေ
တွေဝေလှိုက်မော
အလှတောမှာ
မျောလွင့်လိုက်ပါ
နွေရယ်မိုးဆောင်း
ရာသီပြောင်းလည်း
သိုင်းရစ်ခြုံငင်
သူ့ ပုံသွင်က
မဟောင်းရင်မှာ တည်ခဲ့ပြီ………..။ ။
Comment #2
တကယ်ကြိုက်တာလားဗျ……….မနောက်ကြေးနော်…..:)
Comment #1
သွဲ့ ပြောင်းဟန်ချီ
လှုပ်လီယဉ်နွဲ့ 
လှမ်းကြွခြေတော်
မြေပေါ်ဖ၀ါး
ထိလေတိုင်းတိုင်းမှာ
အသားတော်နု
သွေးခြည်ဥမှာ
အကျွန်စိုးမိပါလေဧ။်…….။