ဆုတောင်းရှိုက်သံ
မင်းနဲ့ငါ အချစ်ရိပ်
ဟိုအတိတ်မှာကျန်ခဲ့ပြီ
နေမ၀င်ခင် အိပ်တန်းတက်ရတဲ့
ရင်ဘတ်ထဲက အချစ်ငှက်
မင်းရက်စက်လို့ မသေသေးပေမယ့်
အပြင်မထွက်ရဲတော့တာ သေချာတယ်
မျက်ရည်ခင်းတဲ့လမ်းကိုမှ
ကျော့ကွင်းဆင်သွားတာ
မင်းရဲ့မေတ္တာတွေလား
ဘ၀ကကာရန်လွတ် ကဗျာတစ်ပုဒ်ဆိုရင်တောင်
ရေးခဲ့တာ နှလုံးသွေးစစ်စစ်နဲ့ပါလို့
ငါ……….မကြေညာချင်တော့ဘူး
မာယာနဲ့လှည့်စား မုသားနဲ့ဖုံးကွယ်
မင်းသုံးခဲ့တဲ့ ပရိယာယ်တွေ
တစ်နေ့………
ငါမဆင်တဲ့ကျော့ကွင်းမှာ
မင်းမမိပါစေနဲ့လေ………..
Comment #2
min yet sat loh ma tay tayy: pay me,,,
a pyin ma htwke ye dot tar tay char de,,
By: ei lay at Jan 30, 2012
Comment #3
mar yar ne hle sar,,mu tar ne phone kwe,,
min tone ke de pa yi ye tway,,
ma tway chin bu so le pwint pwint lin lin pyaw pop,,
wit so tar nout ba wa ma ku bu,,
By: ei lay at Jan 30, 2012
Comment #4
အရမ်းကြိုက်တယ်ဗျာ..
အားပေးသွားပါတယ်..
By: phyu sin noe at Oct 6, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျော့ကွင်းမှာမိရင်ဘာလုပ်မှာလဲဟင် .. ဟိဟိ