…….လု……
ငါက…ပိုက်ဆံအိပ်လိုလူစားမျိုး
ဘ၀က ပိန်တစ်လှည့်ဖောင်းတစ်လှည့်
ပေါင်တစ်လှည့်ရောင်းတစ်လှည့်
ဖောင်းနေရင်ခါးကြားမှာ…ခေါက်ထည့်
ပြားသွားတော့လဲ….ချောင်ကြားမှာမှောက်လျက်
တစ်ခါလာလည်း….ဒါ
နှစ်ခါလာလည်း……ဒါ
အခါခါလာနေတဲ့….လံကွတ်တီတွေကြားမှာ
ငါကတော့….ငါပြီးရင်းငါ
တစ်ခါတစ်ခါတော့လည်း
ဘ၀မှာခပ်ခွာခွာနေကြတာပဲ… ကောင်းတယ်
တော်ပါတော့………အ…လင်း…တွေ…ရယ်…
ပုံပြင်တွေ….နားယောင်ပြီစိတ်ဓာတ်တွေမှောင်သွားလိုက်ကြတာ
ကိုယ်ထင်ရာစိုင်း….ငါမရိုင်းဘူးဆိုတော့
မိုက်ရိုင်းရိုင်း….ငါက
အလင်းအ၀င်ချင်တော့ဘူး
ဒီလိုပဲ….ကင်းမြှီးကောက်ဟာ…ပိုးစုန်းကြူးတောင်ကြောက်တယ်
အဲဒီလိုနဲ့….ငါဆိုတဲ့အကောင်အတွက်
မျှော်လင့်ချက်ကမဲ့ပြီးရင်းမဲ့
သူတို့ကိုခါးထောက်ကြည့်ဖို့
အိပ်မက်ကိုရင်ဘတ်ထဲခေါက်ထည့်
အမှောင်ကို ဘောင်းဘီအိတ်ထဲက…စောင့်တယ်
ဒီညနေကြားရတဲ့…သတင်းတွေအရဆိုရင်
အဲဒီအရပ်က……လတစ်ချောင်းငင်တွေက
မင်းတို့ငါ့တို့နဲ့……တူအောင်ခြေတုတပ်ထားရတာတဲ့
မြင်ရကြားရတာ….နားမချမ်းသာဘူး
ပိုနေတဲ့တစ်ချောင်းကိုဖြုတ်ဖို့
ဓါးတစ်ချောင်းလောက်…လုပ်ပေးစမ်းပါဗျာ။ ။
Demon13
Comment #1
ကောင်းတယ်ဗျို့ အစ်ကိုdemon13ရေ….ဂွတ်ဗျ……