ရင်ဘတ် ကြိုးသံ
တရေးနိုးတော့…(2:01AM)
ကျွန်တော့ ရင်ဘတ်တစ်ခြမ်း
အလွမ်းဖောက်နေတယ်…
ခံစားချက်တွေလူးလှိမ့်
ဒါဏ်ရာတွေနဲ့ အိပ်မပျော်တော့
အေးစက်စက် ညပေါ်ထထိုင်မိတယ်…
ကဗျာချင်လာတာနဲ့
ဒိုင်ယာရီစာ တစ်မျက်နှာယူလို့ 
ဖောင်တိန်တချောင်းဖွာယူရတယ်…
ကြင်နာခြင်းတွေ ငတ်မွတ်တော့လည်း
မျှော်လင့်ချက်ခါးခါးတခွက်နဲ့ပဲ
ဖြေသိမ့်…
အချစ်တွေ “ကြောင်” နေလို့ 
ဒီဘဝတော့ သက်ပြင်းတွေ (အခါခါ) ချ
အိပ်ပျက်ပြန်ပြီ…
သေချာကြည့်တော့
ဖယောင်းတိုင်မှာ
ငါ့အတ္တတွေ လောင်ကျွမ်းတောက်ပလို့ …
“ကြား” လေအတိုးမှာ
(ငါ့) အတွေးအိမ်လေးလှုပ်သွားတယ်…
“အမြှောက်” လက္ခဏာ မသုံးတတ်လို့ 
“သုည” ကနေပဲရေလိုက်ရတယ်…
သတိရတော့ သူပုံရိပ်တွေ
ညကောင်းကင်မှာပြည့်လို့ …
ဆောင်းတွင်းအိပ်မက် “ကယောက်ကယက်” တဲ့ (သူပြောတယ်)
ဒီဆောင်းကဗျာကရော “ကဘောက်ကချာ” ပဲလား…
ဒီကောင့်ရင်ထဲက
(ဟော့သည် ရင်ဘတ်ထဲက)
ရင်ခုန်ခြင်း ကြိုးခတ်သံတွေကရော
“စာနာမှု”
‘မလိုဘူး’ တဲ့လား….
Comment #4
“အမြှောက်” လက္ခဏာ မသုံးတတ်လို့ 
“သုည” ကနေပဲရေလိုက်ရတယ်…
သတိရတော့ သူပုံရိပ်တွေ
ညကောင်းကင်မှာပြည့်လို့ …
Comment #1
တရေးနိုးတော့…(2:01AM)
ကျွန်တော့ ရင်ဘတ်တစ်ခြမ်း
အလွမ်းဖောက်နေတယ်…
သတိရတော့ သူပုံရိပ်တွေ
ညကောင်းကင်မှာပြည့်လို့ …
ကြင်နာခြင်းတွေ ငတ်မွတ်တော့လည်း
မျှော်လင့်ချက်ခါးခါးတခွက်နဲ့ပဲ
ဖြေသိမ့်…
ကြိုက်တယ်။