ကျွန်တော်နဲ့  နေ,ကွယ်ဇာတ်လမ်း
ဝး၀၀ မြင်ချင်လွန်းလို့ ကန်းနေပေးခဲ့ရတဲ့ကောင်ပါ
ကိုယ့်အလွမ်းကိုယ်ထမ်း
အိမ်ပြန်လမ်းတောင်ပျောက်နေခဲ့ရ
(မနေ့ ညက……….)
ကျွန်တော့်အိမ်ရှေ့ မှာ
ဆောင်းတွေအပင်လိုက်လဲကျတယ်………
…………………………………………………
ဝး၀၅ တစ်မျှော်တစ်ခေါ် အေးစက်မှုတွေထဲ
နှင်းတွေမျက်ဝန်းအပြည့်ရွာချ
(လူတစ်လုံးသူတစ်လုံး…….)
ဒီအမုန်းတွေလက်စတုံးပါစေတော့လို့ 
ဆုတောင်းနေမိတာ အခါခါ……….
………………………………………………
ဝး၁၀ ဒါ……….
(ရင်ဘတ်ဗျ………)
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
ဇရပ်,တစ်ခုမဟုတ်ခဲ့ပါဘူး
ကိုယ့်ကိုယ်ကို ရိုက်ချိုး
စည်းရိုးလေးတစ်ခုတော့ ကာထားပါရစေ…..
………………………………………………………..
(ခွင့်ပြုပါ……….)
ဝး၁၅ ကိုယ့်လွမ်းနာ ကိုယ်သာသိတာပါဗျာ
(ဟစ်အော်ရှင်းပြ………)
အပိုတွေလည်းလုပ်မပြချင်တော့ဘူး
(ကျွန်တော်ဆိုတာက…….)
ကိုယ့်ခြံကိုယ့်ဝန်းထဲ
ကိုယ့်တွင်းကိုယ်တူးပြီးချစ်ခဲ့မိတဲ့ကောင်…….
…………………………………………………………
ဝး၂၀ (သေချာကြည့်လေဗျာ……..)
သမိုင်းအဆက်ဆက်မှာ မှိုင်းအထပ်ထပ်
တစ်ဖက်သက်ကောက်ချက်တွေနဲ့ 
ခောတ်အဆက်ဆက် ရှုံးခဲ့ရတဲ့ကောင်
အလိုမတူတဲ့အမုန်တွေအောက်မှာ
မျက်စိသူငယ် နားသူငယ်……………….
………………………………………………….
(ကြည့်…………)
ဟိုး..တောင်စွယ်မှာလည်း……………
……………………………………………………
နေကွယ်နေခဲ့ပါပြီဗျာ…………………….
…………………………………………………………..။ ။
Comment #4
I Like this Poem
Comment #5
အစ်ကိုmoezat ၊ အစ်ကိုdemon13 ၊အစ်မkgmalayတို့ ကိုအများကြီးကျေးဇူးတင်ပါတယ်ဗျာ
ဟို……တော်လှချည်လားရေးထားတဲ့တစ်ယောက်ကတော့ကျွန်တော်နဲ့ …..ခေါ်ဘူးဗျ…..ခေါ်ဘူး……. 🙂
Comment #7
အဲသလိုဖြစ်နေလို့ လား………ရှက်ပါတယ်ဗျို့ ……:) 🙂
Comment #8
NICE starting to end ! bro
Comment #9
Thank, Bro………………
Comment #11
thank….sister…….:)
Comment #12
ကောင်းလိုက်တာဗျာ…. ကောင်းလိုက်တာ……ကောင်းတတ်လိုက်တာ…..
Comment #1
ရင်ဘတ်ဗျ………)
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
ဇရပ်,တစ်ခုမဟုတ်ခဲ့ပါဘူး
ကိုယ့်ကိုယ်ကို ရိုက်ချိုး
စည်းရိုးလေးတစ်ခုတော့ ကာထားပါရစေ…..
ကိုယ့်လွမ်းနာ ကိုယ်သာသိတာပါဗျာ
(ဟစ်အော်ရှင်းပြ………)
အပိုတွေလည်းလုပ်မပြချင်တော့ဘူး
(ကျွန်တော်ဆိုတာက…….)
ကိုယ့်ခြံကိုယ့်ဝန်းထဲ
ကိုယ့်တွင်းကိုယ်တူးပြီးချစ်ခဲ့မိတဲ့ကောင်…….
ကြိုက်တယ်ဗျ။