မတ်လ ဒဏ်ရာ
မနက် မနက်ဆို ငါ ထထကြည့်တတ်တဲ့ နင့်အတွက်နင်မသိအောင်ပွင့်မယ့်ပန်းတွေရှိတယ်
ဒီလိုနဲ့နောက်တစ်ရက်မှာ ငါ ခက်ခက်ခဲခဲနဲ့ နင်မသိအောင်အလွယ်တကူကျရှုံးပစ်လိုက်တယ်
တစ္ဆေပျိုတစ်ကောင်ရဲ့ ဒဏ်ရာပေါ့ ကဗျာ….
နင်အခါခါ မော့ကြည့်လိုက်တိုင်း အပြိုင်းအရိုင်းပွင့်နေတတ်တဲ့ ဒဏ်ရာတွေနဲ့
တခါတလေ….. ပရိတ်သတ်မပါဘဲ တခဲနက်အားပေးခံရတတ်တဲ့……အလွမ်းတွေနဲ့
ငါ မတ်လရဲ့မိုးတွေကြားမှာ အခါခါ ပြိုကျလို့ ခဏခဏပေါ့ ကဗျာရယ်…
ဒါ ပြဇာတ်ဆိုရင် နင်မသိလိုက်တဲ့အခန်းတွေပေါ့ ကဗျာ …..
မသိမသာ ငါနာရီတွေကြားက ကြားလိုက်ရတယ် ဒါမတ်လတဲ့
ခဏတော့ ရပ်ထားလိုက်တယ် ခဏလေးပါ ကဗျာ…တကယ်ကိုခဏလေးပါ
နင်ထားသွားတဲ့အရာရာနဲ့ အသားမကျလိုက်တဲ့ ခဏလေးပါ
နင်ငါနဲ့ တစ်ကမ္ဘာခြားဖို့ အဲ့ခဏလေးက ပျော်ရွှင်ခြင်းတွေကိုဝါးစားသွားတယ်
ကဗျာရယ် …… လူမသိသူမသိကြွေကျတဲ့ကြယ် လူသိအောင် ငါ…….နေခဲ့ရပါတယ်ဟ….
ဘ၀တဲ့….. ခဏတော့ ပစ်စလက်ခတ်လွမ်း. ….. အလွမ်းတွေကြဲဖြန်းထားတဲ့ အခန်းနဲ့
ငါ မနက်ဖြန် မနက် ……………. မတ်လကိုကြိုရပြန်ဦးမယ် ကဗျာ……………..
ကဗျာရေ..တကယ်တော့ ငါတို့အတွက် မတ်လဆိုတာ ဘယ်သူမှမသိလိုက်တဲ့ ဒဏ်ရာ
Comment #5
‘ကဗျာရယ် …… လူမသိသူမသိကြွေကျတဲ့ကြယ် လူသိအောင် ငါ…….နေခဲ့ရပါတယ်ဟ….
ဘ၀တဲ့….. ခဏတော့ ပစ်စလက်ခတ်လွမ်း. ….. အလွမ်းတွေကြဲဖြန်းထားတဲ့ အခန်းနဲ့
ငါ မနက်ဖြန် မနက် ……………. မတ်လကိုကြိုရပြန်ဦးမယ် ကဗျာ……………..
ကဗျာရေ..တကယ်တော့ ငါတို့အတွက် မတ်လဆိုတာ ဘယ်သူမှမသိလိုက်တဲ့ ဒဏ်ရာ ‘
ကြိုက်တွားပြန်ပီ … ဘိုလုပ်မတုန်း 😛
Comment #1
ဘ၀တဲ့….. ခဏတော့ ပစ်စလက်ခတ်လွမ်း. ….. အလွမ်းတွေကြဲဖြန်းထားတဲ့ အခန်းနဲ့
ငါ မနက်ဖြန် မနက် ……………. မတ်လကိုကြိုရပြန်ဦးမယ် ကဗျာ……………..
ပရိတ်သတ်မပါဘဲ တခဲနက်အားပေးခံရတတ်တဲ့……အလွမ်းတွေနဲ့
ငါ မတ်လရဲ့မိုးတွေကြားမှာ အခါခါ ပြိုကျလို့ ခဏခဏပေါ့ ကဗျာရယ်…
လွမ်းစရာကောင်းတယ်သားသားရေ။ :'( :’)