ကောင်းကင်တိမ်
မိုးထက်ကနေမင်းလို စွမ်းအင်မရှိတဲ့…ငါ
ညမင်းသား လ ကိုတောင် စိန်မခေါ်နိုင်ခဲ့ပါလား…
နေရဲ့အရိုန်အ၀ါအောက်မှာ နေ့နဲ့ည ဖြစ်နေရတဲ့ ငါ့လို…ကောင်းကင်
စင်္ကြာဠာ ထဲက ဟင်းလင်းပြင်ထက်တောင် ငါအဖြစ်က မလွတ်လပ်လိုက်တာ….။
ရှတတလေညှင်းမှာ မ၀တ၀ရူရိုက်ရတဲ့…ငါ
အသက်ရူသံတောင် ခပ်ပြင်းပြင်းမရိုက်ခဲ့ရပါလား…
လေရဲ့ထားရာနေစေရာသွားရတဲ့ ငါ့လို…တိမ်…
ရေထဲက ဗေဒါထက်တောင် ငါမျောနေတာ မြန်လိုက်တာ…။
ဒီမိုးဒီတိမ် တစ်မိုးချင်းတူတောင်မှ
အနီရောင်မိုးတိမ် လေနှင်တိုင်းမရွေ့ …
ငါ လို့တိမ် ဖြူစင်ပြန်တော့…
လေညှင်း ရဲ့ကြိုးဆွဲရာ ကချင်တိုင်းက…။
လွတ်လပ်မူ့မဲ့ ခရီးနှင် သဘာဝကိုဈေးတင်တော့
ဆန္ဒက နေမင်း ဘ၀ ကကောင်းကင်
ကံကြမ္မာက တိမ် သေမင်းက လေညှင်း
သြော်…တိမ်နီလို စိတ်ဓာတ်ပြင်းချင်လိုက်တာ…။
လွတ်လပ်ခြင်းဝေး ထားရာနေလို့ စေရင်စေ
ဟောဒီလို ကောင်းကင်နဲ့ တိမ်
မျှော်လင့်ခြင်းတွေလဲ ဝေးးး…..။
ကောင်းကင်တိမ်…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်ဗျ….ကဗျာလေးက