Come back to me
တစ်နေ့တုန်းက ပြောခဲ့တဲ့စကား
မင်းကအဝေးကြီး သွားမတဲ့လား….
ဟင့်အင်း ငါ, မကြားရဲခဲ့သလို
တားလည်းမတားရက်ခဲ့ပါဘူး။
အစကတည်းကိုက….
အလွမ်းတွေ အရောင်ရင့်ပြီးသားမို့
သန်းခေါင်ထက်ပိုပြီး
ဘယ်အရာမှ ညဉ့်မနက်နိုင်တော့ပါဘူး။
ရောင့်ရဲမှုတွေနဲ့ပဲ
နေသားကျနေတဲ့ဘ၀မှာ
နီးစပ်ခြင်း၊ ဝေးကွာခြင်းတွေက
နင့်ကိုချစ်တဲ့ အမှန်တရားကို
ဘယ်တော့မှ စည်းမခြားနိုင်တာမို့
ဆာရိုးနားရားလည်း မဆိုချင်ပါဘူး။
ပြန်လာပါချစ်သူ…..
သံသရာမှာ လမ်းမပျောက်
အမှောင်ကမ္ဘာမှာ လှမ်းမလျှောက်ရဖို့
ပြန်အလာကို ဆက်ဆက်စောင့်မယ်..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service