ကတ်တလောက် (မင်းခိုက်စိုးစန်)
စိုထိုင်း၊မှောင်ပုပ်ပုပ်
ပင့်ကူအိမ်ရှုပ်ပွ
ရှုံ့တွပုံပျက် အခန်းပုကွကွထဲ
သူမ တွားသွား။
အဆုပ်နာ ရောဂါရှိတယ်
ကျင်ငယ်နံ့တွေကို စုပ်ယူထားတဲ့
အ၀တ်စတစ်ခုရှိတယ်
မီးသွေးမှုန်စနဲ့ ပိုးဟပ်ချေးတွေရှိတယ်
သလိပ်လုံးထွေး ခြောက်ကပ်
ဆံပင်ရှည်ရှည် အချပ်လိုက်ရှိတယ်
မြွေတစ်ကောင်လို
အစွန်းသိပ်မရောက်တဲ့ ကြောက်လန့်မှုနဲ့
အလင်းရောင်ရှိရာကို
သူမ တိုးထွက်လာခဲ့…..။
ကြွက်သေကောင်တစ်ကောင်ရဲ့ အပုပ်နံ့
စူးစူးရွားရွား ချွေးလှောင်နံ့
လင်းနို့တွေရဲ့ အောက်သိုးသိုးအနံ့
ရှည်မျောမျော လေးထောင့်အခန်းဝရဲ့
ဒီဘက်ဘောင်ကနေ
ဟိုဘက်ဘောင်အထိ
လျှောက်သွားနေကြတဲ့ လူတွေကို
သူမ မြင်ရတယ်လို့ဆိုပါတယ်။
မင်းခိုက်စိုးစန်
Idea Magazine (Oct,2010)
Comment #4
ဆရာမင်းခိုက်စိုးစန်။ဆရာတာရာမင်းဝေ။
ငါ.ရဲ.ထာဝရခရေဇီ။။။။။။။။။။။။။
လုပ်ချင်တာလာလုပ်အားလုံးကြိုက်တယ်။
ကျနော်ကဗျာရေးတိုင်းဆရာတို.ရဲ.အငွေ.အသက်တွေအများကြီးပါတယ်။
ခွင်.လွတ်ပေးပါ။
Comment #5
လေးစားတယ်အားကျတယ်လို့မပြောတော့ပါဘူး။ လေးစားတယ် အားကျတယ်ဆိုတာ ဘာမှန်းမသိလို့ပါ။ ဘာမှန်းမသိ ပဲ မွေးဖွားလာတယ် ဘာမှန်းမသိပဲသေသွားမယ်။ မသိလိုက်တဲ့ထဲက သိလိုက်တာလေးက ငါဘာမှ မသိဘူးဆိုတာကိုပါ။ ကိုမင်းခိုက်စိုးစန်ရေးလိုက်သမျှ စာတွေ က ပြေးပြီးတွေးမယ်ဆိုရင် တောင်အဆုံးမ၇ှိနိုင်ဘူး။ အဆုံးမရှိတာတွေကို အဆုံးမရှိတွေးအောင် ဖတ်ခွင့်ပေးလို့ ကျေးဇူးပါ။
Comment #1
ကဗျာကောင်းလေးတွေတင်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်