ပြန်လာပါပြီ (သက်ထွေး)
ကမ္ဘာမြေကြီးဆွဲအား
ရပ်နေချင်သူကို
ဆွဲတားပါ။
ကိုယ့်ချစ်သူကို
ကိုယ့်လက်ထဲက
ပြန်ကယ်တင်ရတဲ့ အခန်း
စိတ်မခိုင်သူတွေ မျက်ရည်စမ်းကြ ..
ချစ်ရသူကို စွန့်လွှတ်ရဲနိုင်သူမှ
သူရဲကောင်းဆန်သူတဲ့လား။
(မကျီစယ်ပါနဲ့)
နေ့ခင်းမှာ လင်းချင်တဲ့ကြယ်ကလည်း
ခရီးသည်ပါပဲ …
ကိုယ့်အမြီးကိုယ် မီးနဲ့ညှိ
(ကောင်းကင်ကြီး)
တောက်ပနေတာကို ကြည့်ချင်မိမှာပဲ။
သက်တမ်းစေ့သွားတဲ့
တံခါးပါ ..
စေ့ရုံပဲစေ့ထားရတယ် …
ခြေသံကြားတိုင်း ချောင်းချောင်းကြည့်
သော့ခတ်မယ့်သူကို မျှော်နေမိတယ်။
အလွမ်းဆိုတာ
မျက်လှည့်ပွဲတစ်ခုဆိုပါစို့ …
ဖဲချပ်တွေ ဖွက်ပြ …
(ကိုယ့်ကိုယ်ကို) ကြိုးနဲ့ တုတ်ပြ …
ယုန်လေး ထုတ်ပြ …
နှင်းဆီပန်းလေး ပွင့်ပြ ..
မြင်သာအောင်
(ကိုယ့်)ရင်ဝ မြားနဲတည်ပြီး
ပစ်ပြရတဲ့အခါတွေလည်းရှိတာပေါ့။
မျက်လုံးတစ်မှိတ်
သောက်နေကျ ကော်ဖီလေး ဖိတ်သွားတယ် ..
လွယ်နေကျ လွယ်အိတ်လေးထဲက ည
အဖတ်ဆယ် မရတော့ဘူး။
အထီးကျန်တယ်ဆိုတာ
နေရာအမှန်ကို
အဖေါ်မရံပဲ
ခရီးသည်ဆန်ဆန် ပြန်လာရခြင်းပါပဲ။
ကျွန်တော်ပြန်လာပါပြီ။ ။
သက်ထွေး
၁၃ နိုဝင်ဘာ ၂၀၁၀ မနက် ၁၂း၃၂
Comment #2
ကောင်းတယ်ဗျ…………အစ်ကိုသက်ထွေးရေ
Comment #9
အထီးကျန်တယ်ဆိုတာ
နေရာအမှန်ကို
အဖေါ်မရံပဲ
ခရီးသည်ဆန်ဆန် ပြန်လာရခြင်းပါပဲ။ အရမ်းမိုက်တယ်။
Comment #10
mike de
Comment #12
ကဗျာက စကားလုံးတွေစီးမျောထားပုံ အရမ်းလှတယ်
ဒီ့ထက်ပြောချင်ပါသေးတယ် ဒါပေမယ့် ဒီလောက်ဘဲပြောတတ်တယ်ဗျာ ။
Comment #1
မျက်လုံးတစ်မှိတ်
သောက်နေကျ ကော်ဖီလေး ဖိတ်သွားတယ် ..
လွယ်နေကျ လွယ်အိတ်လေးထဲက ည
အဖတ်ဆယ် မရတော့ဘူး။
အချိန်တစ်ခုပြီးတော့
ကျွန်တော် ပြန်လာပါပီ…။
အတွေးကောင်းတဲ့ ကဗျာ 🙂