မင်းသိလေမလား-ကိုမင်း(မုံရွာ)
မင်းသိလေမလား…..
နှစ်လွှာတစ်ရွက် ၊ စွယ်တော်ရွက်
ရွက်ပေါ်ဆင်မြန်း ၊ ပန်းခရမ်းတို့
တင့်လွှမ်းကာနေ ဖူးပွင့်ဝေ ။
ခုချိန်ဆိုရင် ၊ ကျောင်းဟောင်းရင်ခွင်
ပင်ပေါ်ပွင့်လန်း ၊ စွယ်တော်ပန်းတို့
ပွင့်လန်းကိုးကြိမ်တိုင်ခဲ့ပြီ ။
မင်းကိုချစ်ဆဲ ၊ ကိုယ့်ချစ်လည်း
ချစ်ဆဲကိုးနှစ်တိုင်ခဲ့ပြီ ။
ကိုးနှစ်လုံးလုံး ၊ အချစ်ဆုံးမို့
အမုန်းမရှိ အဆုံးထိ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service