ကောင်မလေးသို့……. (မိုးဇက်)
ကောင်မလေးရေ…..
မင်းကိုသတိရတဲ့ ငါ့စိတ်တွေကို ငါသတ်နေတုန်းမှာဘဲ
အလွမ်းပင်တွေ ပိုကြီးထွားလာနေလေရဲ့
တိုက်ဆိုင်မှုရှိတိုင်း သတိရတယ်ဆိုတာထက်
အမြဲတမ်းသတိရနေလေတော့
ငါ့အတွက်တော်တော်ခက်နေတယ် ကောင်မလေးရယ်။
ကောင်မလေးရေ……
ငါ့ရင်ခွင်ဆီ ပြန်လာစေချင်မိပေမယ့်
ငါ့အတွက်အေးစက်သွားတဲ့မင်းက
ရင်ခွင်သစ်မှာပျော်နေပြီဆိုတော့လည်း
ငါလေ မင်းကို တိတ်တိတ်လေးတမ်းတနေရုံကလွဲလို့
ဘာတတ်နိုင်အုံးမှာလဲ ကောင်မလေးရယ်။
အတူလျှောက်ဖူးခဲ့တဲ့ လမ်းလေးတွေ
အတူပျော်ဖူးခဲ့တဲ့ နေရာလေးတွေဟာ
ငါ့အတွက် ဒဏ်ရာအသစ်တွေသာ ထပ်ထပ်ဖြစ်နေတာဆိုတော့…..
မင်းသိနိုင်ပါ့မလား ကောင်မလေးရေ….
တကယ်ဆိုရင် ငါ့နှလုံးသား
ဒဏ်ရာတွေနဲ့အထပ်ထပ်
အလွမ်းများနဲ့စုတ်ပြတ်သတ်နေပါတယ်
ကောင်မလေးရယ်…….
Comment #3
အားပေးနေပါတယ်….အစ်ကိုမိုးဇက်ရေ…..:)
Comment #4
ဠုပ်ဠိုက်ဗာ
အင့်ဂို မိုးဆက်ယေ
ဂျဏော်ဠဲ အားဗေးဏေဘာဒယ်
အစ်ဂို့ ဂပျာဒွေက ဘတ်လို့ ဂေါင်းဘာဒယ်
များများယေးဏိုင်ဘာဆေပျာ
Comment #1
ကောင်းတယ်ဗျာ……ကဗျာလေးကအစ်ကိုမိုဇက်တို့ တော့လုပ်ချလိုက်ပြန်ပြီ…..:)