နင့်အတွက်
ကြာတော့လည်း
ရင်ဖွင့်ပြရတာကို ငါရှက်လာပြီ။
နင်…
နင့်ရဲ့ ကာရံမပါတဲ့
ရိုးသားမှု့တွေနဲ့ 
ငါ့အလွမ်းတွေကို ငြိမ်းသပ်ပေးပါ….။
နှလုံးခုန်သံပိုမြန်စေတဲ့
ဘလက်ခ်ကော်ဖီ ငါသောက်ဖြစ်လာပြီ။
ငါ….
ငါ့ရဲ့  စည်းချက်မကျတဲ့
ကောက်ကြောင်းတွေနဲ့
နင့် ရင်ခွင်မှာ နားခိုခွင့်ပေးပါ….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပြေးပြေးလွှားလွှားပဲ ခံစားသွားပါတယ်..ကော်ဖီရောပေါ့