အခိုက်အတန့်
ရင်ခုန်သံချင်း ကူးလူးမီးညှိဖို့
သေသပ်တဲ့ ဂန္ထ၀င် စကားလုံးတွေမလိုဘူး
ဖျတ်ခနဲ ဖမ်းဆုပ်မိတဲ့ အကြည့်တွေမှာပဲ
ပျော်ဝင်နေတဲ့ သံယောဇဉ်က
ဆန္ဒတွေရဲ့ မျှော်လင့်ခြင်း
အိပ်မက်တွေရဲ့ ရှင်သန်ခြင်း
အနာဂတ်တစ်ခုရဲ့ လတ်ဆတ်ခြင်း
ဒါပေမယ့်….အခိုက်အတန့်လေးတစ်ခုသာ ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service