အဓိပ္ပာယ်မလိုတဲ့ ဖွင့်ဆိုချက်
ဟောသည်လူ နံရံမှာဆေးရေးပန်းချီကားတွေ အပြည့် ချိတ်ဆွဲထားတယ်။ ပြောချင်တဲ့ အကြောင်းအရာမှာ ပုံသဒန်မရှိပါဘူး။ အဲဒါခံစားချက်လဲသက်သက် မဟုတ်။ ရိုးရိုးရှင်းရှင်းကလေး အသိရခက်နိုင်လေရဲ့.။
၁၊ ဒါ မြို့ကလေးပါ။ ကျွန်တော် ဒီလိုစာရေးဖို့ အစပြုတဲ့ နေရာကလေး က ရေဆင်းမြောင်း ကလေးရဲ့နံဘေး လူသွားကတရာလမ်းကလေး မှာပါ။ ညကူးစ နေခင်း ရေတင်နေတဲ့တလင်း ကလေးမှာ မြေသားနဲ့ မြက်ရောလို့ရယ်။ လှမ်းကြည့် လိုက်ရင် မီးဝါဝါ တွေ ရေထဲကအလင်းပြန်တာ မြင်နေရတယ်။ စဉ်းစားမိ နေခဲ့ တာက မြို့ကလေးကို မချစ်ကြ ဘူးလို့စိတ်လိုလက်ရ ငြီးနေလေ့ ရှိတဲ့လူတချို့ အကြောင်းပေါ့။ ဟုတ်တယ်။ ဒီမြို့ကလေးကို တချို့က မချစ်ကြဘူးတဲ့ ဗျ။… မိုးဖွဲဖွဲလေးကျလို့။ ကျွန်တော်တိုးတိုးကလေး ပြောနေမိတယ်။ အားကစားဝတ်စုံနဲ့ ပြေးသွားပြေးလာတို့ ကျွန်တော့် ကိုအရူးလို့ ပြောချင်ပြောကြစေ။ ဖြည်းဖြည်းလေးလျှောက် ရင်းပေါ့။ ဒီမြို့ကလေးကို မချစ်ကြဘူးတဲ့ ဗျ။ တကယ်တမ်း က ခင်ဗျားရှာဖွေခဲ့ တာကို ခင်ဗျားရ မှာပဲ ဗျ။ ငရဲဆိုတာ လူ့စိတ်ကဖန်တီး တာတဲ့။ ခင်ဗျားက လောဘနဲ့ ခြယ်ရင် လောဘအနီရဲရဲ နဲ့ ကောင်းကင်အောက်မှာ ခင်ဗျာနာကြည်း အထီးကျန်ရမှာပဲလို့မှတ်။ ကျွန်တော်ကတော့ မောဟနဲ့ ဘဝကိုခြယ်တဲ့ ကောင်။ ရေခဲငရဲ (ပြန်သုံးခွင့်ပြုပါ) ရဲ့ လောင်မြိုက်ခံ ဒါဘယ်သူမပြု မိမိမှူ။ လမ်းတလျှောက်မှာ အရိုးပြိုင်းပြိုင်းနဲ့ သစ်ပင်တွေ။ တံတားကလေးပေါ်မှာ ဖြည်းဖြည်း သွား။ ကျွန်တော် တကယ်အော်ဟစ် မေးကြည့်လိုက်ချင်တယ်။ ခင်ဗျာရဲ့ အကြောင်းပြချက်တွေ ခဏလေး ဘေး ချ ထား ပါ ဦး။ ကျွန်တော်မေးတာ ကလေးပဲ ဖြေကြည့်။ ကဲ…ခင်ဗျာပြော။ ဘယ်သူ့မှ အပြစ် မ တင်ကြေး။ ခင်ဗျာ ရင်ဘတ်ဟိုး အတွင်းထဲကို မေးကြည့်။ ခင်ဗျား အစကတည်းက ရှာဖွေနေခဲ့ တာ ဘာလဲ? အခု စာကလေး ကြော် ခုဆီထမင်း မလုပ်ကြေး……မြို့ကလေးကို မချစ်ဘူးလို့မ ပြောခင် ခင်ဗျား အချစ်ဆိုတာရော ဘာလဲသိရဲ့ လား? ချစ်ရောချစ်တတ်ရဲ့လား? ခင်ဗျားတဖြည်းဖြည်းနဲ့ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ်ပိုပြီးညာတတ်လာလိမ့်မယ်။
၂၊ ဆိုင်ကယ်သံဖုံဖုံ နောက်ခံဂီတလို မှိန်မှိန်လေးကြားနေ ရတယ်။ ခြေကို ကြွတယ်၊ လှမ်းတယ်။ ချတယ်။ ကျွန်တော်မြင်နေတာ ရေစက်ကလေး တွေတင်နေတဲ့ ပန်းချုံလေး။ လမ်း…သဘာဝကိုမြတ်နိုးတဲ့ ဆွတ်ပျံ့သောအာရုံကို ဘယ်လိုအဓိပယ်ဖွင့်မလဲ အဘိဓမာ။ ဦးယာကို ခင်ဗျားသိလား? ကျွန်တော်သိတယ်။ ကျွန်တော်ဟာ အခြေခံပညာတောင်မရှိတဲ့ ဓမ မသိကောင်။ ဒိဌိကိုမပယ်နှိင်။ မောလိုက်။ ပျော်လိုက်။ မိုက်လိုက်တာ။ ကျွန်တော့် ခေါင်းထဲဘာမ မရှိ။ သံသရာ ကဘာနဲ့ ချီပြီးလည်ဦးမလား? ကျွန်တော်ပြောပြမယ်။ သူမဟာ ကျွန်တော့်ရဲ့ အဆုံးစွန်သော ကဗျာ။ ဒီစကားလုံး တွေမလိုဘူး။ ကျွန်တော့် သွေးထဲမှာ စီးမျောနေတာ ဒီအသိသညာ။ ခံစားချက်။ ဖန်တီးမှူ။ ပန်းပွင့်ရင် ဥယဉ်မှူးပျော်သလို ကျွန်တော်ပျော်တယ်။ သားကလေး မွေးမွေး သမီးကလေး မွေးမွေး ထခုန်တဲ့ ဖခင်ရဲ့ ပီတိမျိုးကျွန်တော့် မှာရှိတယ်။ စိတ.်.စိတ်…စိတ်….စိတ်။ အိုး…….လွင့်နေပါလား။ ကြွ လှမ်း ချ။ အစမှာ ဖြည်းဖြည်း လုပ်ရသတဲ့။ တခဏလေးပဲဖြစ်ဖြစ် သတိပြုမိရင်ကုသိုရ် တဲ့။ တကယ်တမ်း ကျွန်တော့် အတွက်ပရိသတ်မလို။ ပီတိလမ်း။ သီဝရီ မသိ။ လေညင်းကလေး ဖြည်းဖြည်း ဆော့။ အနှေးပြကွက်…….. အလို! !!!!!! နှစ်နာရီဆယ့်ကိုး ! ! ! ! ! ! ! ! !
အဆုံးသတ်။ ။ ….နံရံမှာဆေးရေးပန်းချီကားတွေ အပြည့် ချိတ်ဆွဲထားတယ်။ ပြောချင်တဲ့ အကြောင်းအရာမှာ ပုံသဒန်မရှိပါဘူး။ အဲဒါခံစားချက်လဲသက်သက် မဟုတ်။ ရိုးရိုးရှင်းရှင်းကလေး အသိရခက်နိုင်လေရဲ့.။ ….. ပိတ်ကားချ။ ။
ဩမြိုင်