ငါ့ဆန္ဒ
မနိုင်မှန်းသိနေတဲ့ တိုက်ပွဲကို ဆက်တိုက်နေရသလို
မဟန်မှန်းသိတဲ့ ဇတ်တစ်ခုကို ဆက်ကနေရသလို
မရေရာခြင်းတွေနောက်..
အဖြေရှာခြင်းတွေနဲ့လည်း မောလှပါပြီ။
..အချစ်
…..မေတ္တာ
……..သံယောဇဉ် ..တဲ့
စကားလုံးသုံးလုံးတည်းနဲ့ ဖွဲ့စည်းထားတဲ့ ငါ့ကဗျာ
လွမ်းဆွတ်မှုတွေ ပက်ဖျန်းထားတယ်
သတိရခြင်းတွေ ရောစပ်ထားတယ်
အိပ်မက်တွေနဲ့လည်း နှုတ်ခမ်းသတ်..ဘောင်ကွပ်ထားသေးတယ်။
ဘာပဲဖြစ်ဖြစ်..ဝေးသွားခဲ့ရင်လည်း
သတိမရဖို့ မတောင်းဆိုကြေး
စိမ်းကားသွားခဲ့ရင်လည်း
နောက်ပြန်မတွေ့ဖို့ နှုတ်မဆက်ကြေးနော်။
တကယ်တော့..
ငါခံစားခဲ့တာ တစ်ဖက်သတ်ပဲမို့
အရာရာ သူ့အတိုင်းရှိနေဦးမှာပါ ။ ။
Comment #2
right,,
it’s ur own 1-sided decision.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘာပဲဖြစ်ဖြစ်..ဝေးသွားခဲ့ရင်လည်း
သတိမရဖို့ မတောင်းဆိုကြေး
စိမ်းကားသွားခဲ့ရင်လည်း
နောက်ပြန်မတွေ့ဖို့ နှုတ်မဆက်ကြေးနော်။