ညီမျှခြင်းတစ်ခု
တိုးဝင်ပျောက်ကွယ်တော့မယ့် အလင်းတစ်စုံက
ငါ့ကို လမ်းပြခေါ်ဆောင်သွားတယ်
အဆုံးမှာ ကြေကွဲခြင်းတွေလား ?
နာကျင်နေတဲ့ နှလုံးသားကတော့
ဖြေသိမ့်ဖို့ စကားလုံးတွေ ရှားပါးနေတယ်။
ရုးသွပ်မိုက်မဲမှုက ပြင်းထန် အေးခဲသွားတယ်
ဒါပေမယ့် ပေတစ်ရာလမ်းမထက် ငါမငိုခဲ့ဘူး။
မနက်ဖြန်တိုင်းအတွက် ရေရာတာသိပ်မရှိသလို
သူမအတွက်လည်း သေချာတာ ငါမတွေးမိပြန်ဘူး။ သေချာတယ်…..
ငါလိုချင်တာ ညီမျှခြင်းတစ်ခုလေးပါကွာ။ ဒီတော့
ညီမျှခြင်းတစ်ခုပဲ ပြန်ပေးပါ ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service