မိမိနှလုံးသားနဲ့ စကားပြောခြင်း
ရင်ထဲကနှလုံးသားလေး
မင်းကိုငါလေးစားတယ်
ပန်းလှပွင့်ဝေ
ဒီကမ္ဘာမြေဝယ်
များပါလျှက်နဲ့
တစ်ပွင့်တည်းသောပန်း
သူ့ကိုမှ မင်းကကြွေ
မင်းပိုင်ဆိုင်ရာ
ရင်တစ်ခုလုံး
သူ့ကိုဘဲပုံအပ်ခဲ့တယ်နော်။
ရင်ထဲကနှလုံးသားလေး
ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျနိုင်သလို
ကံတရားရေစက်
တူဆုံနိုင်မှသာ
အကြင်နာဝတ်မှုံ
ကူးနိုင်လိမ့်မယ်နော်။
ရင်ထဲကနှလုံးသားလေး
မင်းငိုနေတယ်
တိတ်လိုက်ပါကွယ်
သူမှမလိုချင်ဘဲ
ဘာငိုင်နေမှာလဲ
ဘာကိုမျှော်လင့်နေမလဲ။
ရင်ထဲကနှလုံးသားလေး
မင်းပေးဆပ်သမျှတွေ
အားလုံးအတွက်
ချကာရေးလိုက်
စာမျက်နှာတစ်ဝိုက်မှာ
မင်းအတွက်
ထွက်ပေါက်လေးတစ်ခုအဖြစ်ပေါ့။
Comment #3
ကောင်းပါတယ်….အားပေးနေတယ်

Comment #4
ကဗျာလေးကသနားစရာကောင်းးတယ်လို့တော့င်ခံစားမိပါတယ်။

Comment #5
oh,,,
hit my heart,
same with me,
🙁
🙁
🙁

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရင်ထဲကနှလုံးသားလေး မင်းကိုငါလေးစားတယ် ပန်းလှပွင့်ဝေ ဒီကမ္ဘာမြေဝယ် များပါလျှက်နဲ့ တစ်ပွင့်တည်းသောပန်း သူ့ကိုမှ မင်းကကြွေ မင်းပိုင်ဆိုင်ရာ ရင်တစ်ခုလုံး သူ့ကိုဘဲပုံအပ်ခဲ့တယ်နော်။ (ကောင်းလိုက်တာစာသားတွေက… အားပေးနေပါတယ်ရှင်)