ထူးဆန်းတာက
အရာရာမသိတတ်ခဲ့ခြင်းနဲ့ စတင်ခဲ့တယ်
အဖန်ဖန်ကြေကွဲတတ်လာတော့လည်း
ငါ ဟာ…အခါလွန်မိုးရေတွေပဲ မျိုချခဲ့ရပြန်တယ်။
မလျှောက်ဖူးခဲ့တဲ့လမ်းတွေလား .. မလျှောက်ချင်ခဲ့တဲ့လမ်းတွေလား
အတွေးတွေ လမ်းဆုံရောက်ကာမှ ခဏပြန်ငုံ့ ကြည့်ရတဲ့ ခြေရာကောက်ကြောင်းတွေပါ။
သိုသိုသိပ်သိပ်နဲ့ လောင်ကျွမ်းနေတဲ့ အတ္တတွေ
ငါ မဟုတ်တဲ့ ငါ ဆိုတာ သိပ်သေချာနေလေရဲ့ ။
တကယ့်အဖြစ်က မထူးဆန်းလွန်းတော့လည်း
ထူးဆန်းနေတာက ကျွန်တော်ပဲ ထင်ပါရဲ့ ဗျာ ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service