Professional Authors

မသိမသာပါပဲ

မသိမသာပါပဲ

ရမ္မက်က ဘ၀ကို

ကျစ်ကျစ်ပါအောင်

ဆုပ်ကိုင် အားယူရင်း

အစွန်းတရား နှစ်ဖက်ကြား

တစ်ခါတစ်ရံမှာ လူဆိုးမလေး

“ငါ” ဆိုတဲ့ မြေကြီးက

ကောင်းကင်ကို မနာလို

ပရိယာယ် တောင်ထိပ်မှာ

အနာဂတ်ကို ပခုံးမှာချိပ်ရင်း

မိုးကုပ်စက်ဝိုင်း အစွန်းကို

ပြေးထွက်ချင်တဲ့ ဆန္ဒတစ်စုံနဲ့

ငေးမျှော် ရယ်မောမိသေးရဲ့

 

မသိမသာပါပဲ

သိသိသာသာ တိုးဝင်လာတဲ့

စာနာမှုမဲ့ သံယောဇဉ်ကို

လက်နက်မပါဘဲ ထိန်းချုပ်နှိပ်ကွပ်

အပြီးအပိုင် ကန်ထုတ်ဖို့

“မိမိကိုယ်ကိုသိပါ” ဆိုတဲ့

ဆင်ခြင်တုံတရားထက်

အတ္တတရားတွေ ထုခွဲလမ်းခင်း

မင်းဘ၀ရထား လိုရာခရီးတွက်

ကျောပေါ်က မှက်တစ်ကောင်လို

ခံစားချက်တွေ စပ်ဖျင်းပူကြွ

ပြေးထွက် ခရီးစအောင်

ကိုက်ခဲထိုးဆွ ပေးဖူးပါရဲ့

 

မသိမသာပါပဲ

မနေ့တစ်နေ့က ဘ၀ဒဏ်ရာသစ်

ဖူးယောင်စုတ်ပြတ် မျှော်လင့်ချက်တိုင်း

တောင်ဆိတ်တစ်ကောင် ဘ၀မှာ

ကိုယ့်အသက်နဲ့မျိုးဆက် လုယူဖို့

ဒုက္ခနဲ့ သမဂ္ဂဖွဲ့ခြင်းကပဲ

အံ့သြတိမ်းမူး ညွတ်နူးဖို့ထက်

ကြိမ်ဒဏ်ရာသာ ဗရပွမို့

ဆုံးစမဲ့ သံသရာတွင်းက

အားအင်ချိနဲ့ ဖြစ်တည်ခြင်းကို

အစိုးမရ စိတ်ရှိတိုင်းသာ

တစ်ကိုယ်ရည် မိုက်မိုက်ကန်းကန်း

ယှဉ်ပြိုင်ဖို့ စိန်ခေါ်လိုက်ချင်ရဲ့

In: ကဗျာ Posted By: Date: Nov 26, 2010
Comment #1

ခြင်ဆင်တုံ့တရားထက်လား ၊ ဆင်ခြင်တုံ တရားထက်လား

commentinfo By: သုဏော်စိုင်း at Nov 26, 2010
Comment #2

ကျေးဇူး ကိုသုရေ … ဆောက်တည်ရာမရချိန်ရေးဖြစ်တော့ စကားလုံးတွေလည်း ကျွမ်းထိုးမှောက်ခုံပါပဲရှင် .. 🙁

commentinfo By: မိဿမင်းသမီး at Nov 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment