လက်ပတ်နာရီချွတ်ပေးလိုက်ရတဲ့ အရက်ဆိုင် (ခိုင်မြဲကျော်စွာ)
သစ်ရွက်စိမ်းတွေက
သစ်ကိုင်းမှာနေကြဖို့ကောင်းတယ်
စိတ်ဆိုးပြီးဆင်းသွားတဲ့မိန်းမလည်း
အိမ်ပြန်လာဖို့ကောင်းတယ်။
မင်းစကားကို
အုတ်စီထားပါလျက်
အမှတ်သည်းခြေနည်းတဲ့ အသက်တစ်ချောင်း
ပလက်ဖောင်းပေါ် မောင်းတက်မိတဲ့ မော်တော်ကားပဲ။
နေလုံးလည်း အရွယ်ပြောင်းသွားတယ်
ငါထိုင်တဲ့ဆိုင်လည်း
အရောင်ပြောင်းသွားတယ်။
အရေပြားရဲ့
ထင်ရောင်ထင်မှားဖြစ်မှုမှာ
ငါ့ကိုယ်ငါ ထားစရာနေရာမရှိ
ငါးစာတွေဟာ
ဒီညအတွက်အဖြစ်မရှိ
အသွေးအသားတွေ အပြစ်ကိုမသိကြဘူး။
လက်ပတ်နာရီချွတ်ပေးလိုက်ရတဲ့ အရက်ဆိုင်
သမ်းဝေလာတဲ့ မီးလုံးအောက်
ထိုင်လို့။ ။
ခိုင်မြဲကျော်စွာ
နှလုံးအိမ်မဂ္ဂဇင်း – ၂၀၀၃
/*ကဗျာဆရာ ခိုင်မြဲကျော်စွာရဲ့ “အေးအေးဆေးဆေးလမ်း” ကဗျာစာအုပ်ကပါ။ */
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လေးစားပါ၏ ။