အရင်လိုပါပဲ
ကျွန်တော် ဘာမှမသိနိုင်တဲ့ အနာဂတ်နေ့တစ်နေ့အတွက်
အရာရာကို နားလည်ဖို့ တစ်စုံတစ်ရာသာ စွန့်လွှတ်ရမယ်ဆို
မျှော်လင့်ခဲ့မိခြင်းတွေသာ အဆိပ်သင့်ကျန်ခဲ့ပြီ။
ဝေးကွာခြင်းနိမိတ်ပုံတစ်ခုမှာ
ခပ်စူးစူးဝေဒနာသာ အဖော်ပြုရင်း
အသိစိတ်တစ်ခုနဲ့ ဆက်လျှောက်ရမဲ့ လမ်းဆုံးကိုလည်း
မျှော်ကြည့်တတ်လာပြီ။
ခုတော့..အရင်လိုပါပဲ…
မဟောင်းနွမ်းနိုင်တဲ့ ခံစားချက်နဲ့
အရင်လိုပါပဲ….အရင်လိုပါပဲ….။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကိုမိုးလူရေ …အားပေးသွားတယ်နော် ..
ခင်တဲ့ …. လူဆိုး