ဗီးနပ်စ်ရဲ့ တံခါးခေါက်သံ – နရီထက်
ပုံပြင်ထဲ အိပ်စက်
အနမ်းလာပေးမဲ့
ဗီးနပ်စ်နတ်သမီး
လာခဲ့ချိန်မှာ
ငါ အိမ်သာ တက်နေတယ်
ခြံတံခါးခေါက်သံ
မကြားလိုက်ရဘူး
မြားဆူးနစ်မဲ့အစား
ကြမ်းပြင်က
သံမှိုစူးခဲ့တယ်
အား. . . နာလိုက်တာ
မီးက ပိတ်ထား
ခြေလျှောလဲလို့
ကြောင်ချီးပုံထဲ
ခေါင်းစိုက်မိတယ်
သြော် ဗီးနပ်စ်ရယ်
ညနေက ငါလေး
ဒညင်းဆားရေစိမ်ရယ်
တို့စားစရာ အပယ်အနယ်နှင့်
အပြီး နယ်ခဲ့သေးတယ်
အခုလေး လေသက်လို့
နင်အနား ရောက်တဲ့အခါ
နင်လေး ထွက်ပြေးချင်စိတ်ပေါက်အောင်
ငါလေး လုပ်ခဲ့တာ မဟုတ်
ငါကို အသက်ရှုခွင့်ပေးပါနော်
ဘွတ်. .ဘွတ်. . ဘွတ်
ရှုးတိုးတိုး. . . .
ကံကောင်းချင်တော့
ဗီးနပ်စ်က ပြောသွားတယ်
မောင် နောက်တစ်ခေါက်
အစားအသောက်ဆင်ခြင်ပါ
စိတ်ကောက်လိုက်မှာနော်
အမြှောက်တစ်သိန်း……….
…………………………..။ ။
နရီထက်
( ၂၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )
Comment #2
အာပါးးးးးး
လန်ထွက်နေတာပဲ မနည်းကိုဖုံးဖိနေရပါလား တကယ့်ကိုလေးစားပါတယ်ဗျာ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
နင်အနား ရောက်တဲ့အခါ
နင်လေး ထွက်ပြေးချင်စိတ်ပေါက်အောင်
ငါလေး လုပ်ခဲ့တာ မဟုတ်
ငါကို အသက်ရှုခွင့်ပေးပါနော်
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
ဟိုက်ရှားပါး
မျက်စိတောင် ရဟတ်စီးသွားတယ်
idea copy ကူးမယ်နော်
😀