ကတိရဲ့အစေ မျှော်လင့်ခြင်းရဲ့ ကြင်ယာ – နရီထက်
ဆိုခဲစေ မြဲစေ
ပုံထွင်းကာ ဘောင်သွင်းခဲ့ကြတယ်
မမြဲခဲ့တာလည်း များပါတယ်
စကားရဲ့တန်ဘိုး
နှုတ်ရဲ့ စေတစ်ပါး
လွတ်ခရာကျလည်း
လုပ်ပေးခဲ့တာ နည်းလှတယ်
ခေါင်းစားမခံ
စိတ်ရဲ့ နှစ်သိမ့်ကြည့်ကာပြောလို့
အင်း အင်း လုပ်ပေးမယ်ဆိုတာ
ရေတံခွန်အလား ပြောထွက်ကြတယ်
မျှော်လင့်ခြင်းတွေ ရောင်ကြည်သန်းလို့
မျှော်လင့်စက်ကလေးတွေ ဝေနေတဲ့အခါ
ဝေး ဝေး သွားရင်ဖြင့်
မျှော်လင့်ခံဘ၀ ရောက်တတ်ကြတယ်
ကတိနှင့်မျှော်လင့်ခြင်းကြားမှာ
မာယာက နတ်ဆိုးတစ်ပါးပါ
အတ္တက နောက်ဆုတ်ခွာသွားဖို့
လမ်းပြပေးနေတဲ့ မာရ်နတ်ပါ
လက်တဆုပ်စာ မျှော်လင့်ခြင်းတွေက
ငြိမ်းချမ်းရေးကို ဖြစ်စေရင်ဖြင့်
ပျော်ရွှင်တဲ့ ဘ၀တွေကို ဖြစ်စေရင်ဖြင့်
ကတိပေးလိုက်ပါ
တကယ့်လုပ်ပေးနိုင်တယ်လို့ ပြောလိုက်ပါ။ ။
နရီထက်
( ၂၉ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )
Comment #2

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဆိုခဲစေ မြဲစေ
ပုံထွင်းကာ ဘောင်သွင်းခဲ့ကြတယ်
မမြဲခဲ့တာလည်း များပါတယ်
စကားရဲ့တန်ဘိုး
နှုတ်ရဲ့ စေတစ်ပါး
လွတ်ခရာကျလည်း
လုပ်ပေးခဲ့တာ နည်းလှတယ်
………..
good poem !!!