ဧည့်သည် ပြဇာတ်
ကျွန်တော်က ဧည့်သည်…….
ခရီးတစ်ထောက် ဒီနေရာလေးကိုရောက်နေဖြစ်ခဲ့တာပါ
မှားတာရှိရင်ခွင့်လွှတ်
လူ့ ကျင့်ဝတ်တွေနဲ့ 
(အတတ်နိုင်ဆုံး……)
လိုက်လျောညီထွေ နေပေးခဲ့ပါတယ်…….
ကျွန်တော့်က ဧည့်သည်…….
ခင်ဗျားအိမ်လေးထဲ
ခြေရင်း ခေါင်းရင်းမှားခဲ့တယ်
လိုအပ်ချက်နဲ့  လိုအပ်မှု
(တကယ်ကမဟုတ်ဘူး……)
တပ်မက်မှု
(ကျွန်တော်သိပြီ…….)
စကားလုံးလှလှလေးဝတ်ထားတဲ့ တပ်မက်မှု
ခင်ဗျားတစ်ခုခုတော့ရွေးပေါ့…….
………………………………………………….
ကျွန်တော်က ဧည့်သည်…….
ခင်ဗျားမဖိတ်ပဲလာခဲ့မိတဲ့သူ
သဘောမတူရင်ပြန်ပါ့မယ်ဗျာ
ဘာအမှတ်တရမှ ချန်မနေရစ်တော့ပါဘူး
(ကျေကျေနပ်နပ်……..)
အိမ်မက်တွေပဲ ဆက်မက်နေခဲ့ပါတော့……
………………………………………………………
ကျွန်တော်က ဧည့်သည်…….
အိမ်ရှင်အတွက်အသုံးမကျတဲ့ဧည့်သည်
နားဆိုနား ပြန်ဆိုပြန်
ဦးနှောက်ငယ်ငယ်လေးနဲ့ 
ဘာလက်ဆောင်မှ ၀ယ်မလာခဲ့မိတဲ့ကောင်
မျက်နှာငယ်ရင်ဘတ်နဲ့ 
ဟော…..
………………………
အရှေ့ အရပ်မှာ အာရုဏ်တက်နေခဲ့ပြီဗျာ
ကဲ……..
………………………
ဧည့်သည်ပြဇာတ်
ဒီနေရာမှာပဲ တစ်ခန်းရပ်
(ခင်ဗျားလေး…….)
ပျော်ရွှင်ကျေနပ်နေမယ်လို့ တော့ ထင်ပါတယ်ဗျာ……
……………………………………………………………………
……………………………………………………………………………။ ။
Comment #3
ခင်ရာဆွေမျိုး..မိန်ရာဟင်းကောင်းတဲ့..
မခင်တဲ့သူတွေကတော့…ဧည့်သည်သဘောနဲ့..
လွယ်လွယ်လှည့်ထွက်တာပေါ့.
..
စိတ်မဆိုးနဲ့နော်….ဝေဖန်တာပါ
Comment #4
ကျေးဇူးတင်ပါတယ်….ခင်ဗျာအားလုံးကိုပါ…..
အစ်ကိုbutterfly နဲ့ Za TaGwelကိုကျေးဇူးတင်ပါတယ်
ဝေဖန်ပေးတဲ့ အစ်မအသဲကွဲမိုးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ
Comment #6
ကျေးဇူးပါဗျို့ အစ်ကိုသားသားရေ…..:)
Comment #7
ကျေးဇူးတင်ပါတယ်အစ်ကို ဇာတိရေ……….
Comment #8
အမ..အသဲကွဲမိုး….???
tbdk;MuD;aygufpursm;…
Comment #9
🙂
Comment #10
mike de,,
mike de,,
mike de,,
Comment #1
insightful!
great!