နင်ကိုယ်တိုင်…….
နင်ကိုယ်တိုင် မပျော်နိုင်ပါဘဲ….
ငါ့ ငြိုငြင်မှုကို နင်ဖန်တီး…..
ခံစားချက်တွေတသီကြီးနဲ့
မာနတွေဘာကြောင့် ကိုးကွယ်နေတာလဲ…..။
နင်ကိုယ်တိုင် မမုန်းနိုင်ခဲ့ဘဲ
ငါ့အပြုံးကို နင်ရှောင်လွဲ
ဘာမှမဟုတ်တဲ့ လွဲမှားမှုတွေနဲ့
ငါတို့ ………..
ဒီတစ်သတ်ဝေးရဖို့ နင်ဘာကြောင့်ရွေးချယ်ခဲ့တာလဲ…….။
နင်ကိုယ်တိုင် မရှုံးခဲ့ဖူးဘဲ
ဆုံးရှုံးမှုတွေ အလိုမရှိ
ရင်တွင်းကျိတ်ကြေကွဲခွင့်တွေနဲ့…..နင်ဘာကြောင့်နေပျော်နေတာလဲ…..။
နောက်ဆုံး……
ငါကိုယ်တိုင် လက်မခံနိုင်ခင်……
နင်ကိုယ်တိုင် အဆုံးမသတ်ချင်ခဲ့တဲ့
ငါတို့ရဲ့ ၀မ်းနည်းခြင်းတွေ ……
ဘာကြောင့် နင်……စတေးခဲ့ရတာလဲဟာ…..?
(ဘယ်တော့မှ မဆုံသင့်တော့ဘူးလို့ နင်ကိုယ်တိုင်…..သတ်မှတ်ပေးခဲ့သော…….)
ကေသရီ
29 Nov 2010
Comment #2
နောက်ဆုံး……
ငါကိုယ်တိုင် လက်မခံနိုင်ခင်……
နင်ကိုယ်တိုင် အဆုံးမသတ်ချင်ခဲ့တဲ့
ငါတို့ရဲ့ ၀မ်းနည်းခြင်းတွေ ……
ဘာကြောင့် နင်……စတေးခဲ့ရတာလဲဟာ…..?
မကေ…သွားပါတယ်။
Comment #3
:'(
:'(
:'(
kwat ti be kwar
thx so much
Comment #1
နောက်ဆုံး……
ငါကိုယ်တိုင် လက်မခံနိုင်ခင်……
နင်ကိုယ်တိုင် အဆုံးမသတ်ချင်ခဲ့တဲ့
ငါတို့ရဲ့ ၀မ်းနည်းခြင်းတွေ ……
ဘာကြောင့် နင်……စတေးခဲ့ရတာလဲဟာ…..?
(ဘယ်တော့မှ မဆုံသင့်တော့ဘူးလို့ နင်ကိုယ်တိုင်…..သတ်မှတ်ပေးခဲ့သော…….)…
Someone