မေ့ဆေး
မေ့ဆေး
ညဉ့် နက်တွေကတော့ ရှိပါရဲ့ 
မင်းမရှိခဲ့လည်း
ကဗျာတွေနဲ့အတူ ငါလိမ့်ကျတုန်းက
မင်းသောက်နေခဲ့တာတွေက
မေ့ဆေးတစ်ခွက်ပဲလား
ငါမတွေ့ ဖြစ်တာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းကြီး
ဒီဇင်ဘာညတွေကရော အရင်လိုပဲလား
ငါ့အသိတွေက
မင်းရဲ့မေ့ဆေးကို ဆေးခါးတစ်ခွက်လို
ငြင်းဆန်နေမိ ဦးမှာပဲ
ဒဏ်ရာတွေက မေ့ဆေးသုံးထားတဲ့အချိန်
သက်သာနေပေမယ့်
ငါ သတိပြန်လည်လာတဲ့အချိန်ကျရင်
ခံစားရတာက နှစ်ဆမက ခဲ့ဘူးလေ
မနက်ခင်းတွေနဲ့ ဝေးနေခဲ့တာလည်း
ကြာခဲ့ပြီ……….မင်းမသိသလိုနဲ့
နှင်ထုတ်နေခဲ့တာကြောင့်
ညတွေကိုတောင် ငါခင်မင်နေမိပြီ
နာရီလက်တံတွေ မှော်ဝင်ပြီး
တို့တွေ့ ဆုံချိန်တွေ ရပ်တန့်လို့ရမယ်ဆိုရင်
ငါ့ခြေလှမ်းတွေ အရင်လိုမမှားလောက်တော့ပါဘူး
ငါ့စကားလုံးတွေ အချိန်ကြာလို့
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားခဲ့ရင် တွေ့ရှိသူတွေကတော့
ထပ်တူခံစားပါလိမ့်မယ်
အချိန်တွေက ကုစားတယ်ဆိုရင် ငါ့ကို မကုစားနိုင်တဲ့
အချိန်တွေကိုပဲပေးပါ့လား
ကုစားခံရမှတော့ ဘယ်အရာမှ
အကောင်းပတိမဖြစ်နိုင်တော့ဘူးလေ
ရူးသွပ်တဲ့သူက ပိုပြီး
အထီးကျန်တတ်သတဲ့လား
ငါအထီးကျန်သလို နင့်မေ့ဆေးတွေပြယ်သွားတဲ့
အချိန်ကျရင် နင်အထီးမကျန်ပါစေနဲ့
မနက်ဖြန်တွေကို ငါတံခါးခေါက်ပြီး
နင်မေ့ဆေးတွေ မသုံးတဲ့နေ့ကို
စောင့်မျှော်နေတတ်ခဲ့ ပြီလေ။
ညဉ့် နက်တွေကတော့ ရှိပါရဲ့ 
မင်းမရှိခဲ့လည်း
ကဗျာတွေနဲ့အတူ ငါလိမ့်ကျတုန်းက
မင်းသောက်နေခဲ့တာတွေက
မေ့ဆေးတစ်ခွက်ပဲလား
ငါမတွေ့ ဖြစ်တာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းကြီး
ဒီဇင်ဘာညတွေကရော အရင်လိုပဲလား
ငါ့အသိတွေက
မင်းရဲ့မေ့ဆေးကို ဆေးခါးတစ်ခွက်လို
ငြင်းဆန်နေမိ ဦးမှာပဲ
ဒဏ်ရာတွေက မေ့ဆေးသုံးထားတဲ့အချိန်
သက်သာနေပေမယ့်
ငါ သတိပြန်လည်လာတဲ့အချိန်ကျရင်
ခံစားရတာက နှစ်ဆမက ခဲ့ဘူးလေ
မနက်ခင်းတွေနဲ့ ဝေးနေခဲ့တာလည်း
ကြာခဲ့ပြီ……….မင်းမသိသလိုနဲ့
နှင်ထုတ်နေခဲ့တာကြောင့်
ညတွေကိုတောင် ငါခင်မင်နေမိပြီ
နာရီလက်တံတွေ မှော်ဝင်ပြီး
တို့တွေ့ ဆုံချိန်တွေ ရပ်တန့်လို့ရမယ်ဆိုရင်
ငါ့ခြေလှမ်းတွေ အရင်လိုမမှားလောက်တော့ပါဘူး
ငါ့စကားလုံးတွေ အချိန်ကြာလို့
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားခဲ့ရင် တွေ့ရှိသူတွေကတော့
ထပ်တူခံစားပါလိမ့်မယ်
အချိန်တွေက ကုစားတယ်ဆိုရင် ငါ့ကို မကုစားနိုင်တဲ့
အချိန်တွေကိုပဲပေးပါ့လား
ကုစားခံရမှတော့ ဘယ်အရာမှ
အကောင်းပတိမဖြစ်နိုင်တော့ဘူးလေ
ရူးသွပ်တဲ့သူက ပိုပြီး
အထီးကျန်တတ်သတဲ့လား
ငါအထီးကျန်သလို နင့်မေ့ဆေးတွေပြယ်သွားတဲ့
အချိန်ကျရင် နင်အထီးမကျန်ပါစေနဲ့
မနက်ဖြန်တွေကို ငါတံခါးခေါက်ပြီး
နင်မေ့ဆေးတွေ မသုံးတဲ့နေ့ကို
စောင့်မျှော်နေတတ်ခဲ့ ပြီလေ။
Comment #3
mike de kwar………
so nice
By: ei lay at Jan 13, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်ခင်ဗျာ … ခင်တဲ့ ..လူဆိုး