တစ်ဖက်သက်ဆန္ဒ
မိုးတိမ်တွေထဲ
ငှက်ကလေးများဝဲ
မင်းထံသို့ အရောက်ပြန်ချင်တယ်
သူတို့လေးတွေလိုဘဲ
အတောင်လေးတစ်စုံရှိခဲ့ရင်ပေါ့။
ကြိုဆိုမှာလားချစ်သူ
ကိုယ့်ရဲ့ အပြန်လမ်းကိုလေ
မျှော်လင့်မိတယ်
အသေအချာဘဲ
မင်းရဲ့နွေးထွေးတဲ့ အပြုံးများနဲ့
ထွေးပိုက်လိုက်ချင်တယ်။
တစ်ဖက်သက်ဆန္ဒအတွက်
မျှော်လင့်နေတယ်
တောင်းဆိုနေတယ်
သူ့နှလုံးသားတံခါးရယ်
ဖွင့်ပေးဖို့ကွယ်။
ငါအော်ကာပြောရင်း
ချစ်တယ် ချစ်တယ်
လန့်နိုးခဲ့တယ်
သြော်မိုးလင်းပြန်ပြီလေ…….
Comment #3
u r welome
nice poem
By: ei lay at Jan 11, 2012
Comment #4
Read & feel again
By: ei lay at Oct 3, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
so nice?
i wonder why any comment?