လူကြီးလူကောင်း
မိခင် ၀မ်းက ထွက်စအချိန်မှာ
ငိုကြွေးခြင်းနဲ့ ဒေါသက အသက်သွင်းပေးလိုက်တယ်
ဒီလိုနဲ့ ဖြူစင်တဲ့ ကလေးဘ၀ရောက်လာပြန်တော့
လိုအပ်ခြင်း လောဘက ရင်ကို တံဆိပ်တုံး ရိုက်လိုက်ပြန်တယ်
ရင်ခုန်တတ်တဲ့ အရွယ်ရောက်ပြန်တော့
တပ်မက်ခြင်း တဏှာက တွယ်ငြိအောင် စွမ်းဆောင်ပြန်ရော
လိုချင်တာမရ မလိုချင်တာရပြန်တော့
ဥပေက္ခာကို စတင် သုံးစွဲတတ်ပြန်တယ်
တည်ငြိမ်ရင့်ကျက်စအရွယ်မှာ
မောဟကြောင့် လူ့ဘ၀ကြီးကို
သာယာခုံမင်တက်လာတယ်။
ဒီလိုနဲ့ ဒေါသတွေ လောဘတွေ ဥပေက္ခာတွေ
မောဟတွေ အားလုံးကို အချိုးညီညီသုံးစွဲပြီး
ဒဏ်ရာကို ဖုံးကွယ်တတ်တဲ့သူကိုတော့
( လူကြီးလူကောင်းတဲ့ )
Comment #3
ဘယ်လိုခေါ်ရမလဲဆိုတာပြောလေဗျ….အစ်ကိုရဲ့…….:)
By: moehtetaung18 at Dec 2, 2010
Comment #4
အရမ်းကောင်းတယ် ကဗျာလေးက..
By: moe at Dec 22, 2011
Comment #6
ဒေါသတွေ လောဘတွေ ဥပေက္ခာတွေ
မောဟတွေ အားလုံးကို အချိုးညီညီသုံးစွဲပြီး
ဒဏ်ရာကို ဖုံးကွယ်တတ်တဲ့သူကိုတော့
( လူကြီးလူကောင်းတဲ့ )
By: ei lay at Jan 18, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒဏ်ရာကို ဖုံးကွယ်တတ်တဲ့သူကိုတော့
( လူကြီးလူကောင်းတဲ့ )
မိန်တယ်ဗျာ……ဒီကဗျာလေးဖတ်ရတာ…..အရမ်းအရသာရှိတယ်
အားပေးနေပါတယ် အစ်ကိုလိပ်ပြာရေ………