တဖတ်သက်
ဒီမှာ မိန်းကလေး
ငါ့ရဲ့ရင် တံစက်မြိတ်အောက်
ခဏတာ ၀င်နားမယ်ဆိုရင်
ခွင့်ပြုပါတယ်
ဒါပေမယ့် အိမ်ထဲတော့
မ၀င်ပါနဲ့ . . .
(ငါ့မှာ ချစ်ရမယ့်သူ ရှိနေလို့ပါ)
ငါ့ရဲ့ မေတ္တာ အကြွင်းအကျန်နဲ့
မင်းကို ဖြေသိမ့်ပေးနိုင်ခဲ့ရင်လည်း
အဲဒါကို အတည်မယူပါနဲ့
(ဒါက ကိုယ်ချင်းစာစိတ်နဲ့ မို့ပါ)
မင်းရဲ့ ခဏတာ လိုအပ်ချက်ကြောင့်
မင်းရဲ့ နှလုံးသားကို အသုံးမပြုလိုက်ပါနဲ့
(မင်းအတွက် အန္တရာယ်ကြီးလွန်းလို့ပါ)
ရှုပ်ထွေးပွေလီ လွန်းတဲ့ လောကကြီးထဲမှာ
မင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာ သဘာဝမို့
(မင်း ရဲရင့်မှု မနည်းမများတော့ လိုလိမ့်မယ် . .)
မင်း ပျော်ရွှင်နိုင်ပါစေလို့
ငါ ဆုတောင်းပေးပါတယ်
မိန်းကလေး . . .
Comment #3
ကိုလိပ်ပြာရေ သိပ်သတိရနေကြောင်းပါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးနေပါတယ်…..အစ်ကိုလိပ်ပြာရေ…………..:)