နင်…………….မရက်စက်ခဲ့ပါဘူး
ဖျပ်ကနဲ ဖျပ်ကနဲ
လင်းလက်………….
…………………………..
(နတ်သမီး…….)
တိမ်ပေါ်တက်ပြီးကိုယ်ထင်ပြတယ်
(ပြောသေးတယ်…….)
သူ့ ချစ်တတ်ခဲ့ပုံအကြောင်းတွေ
ယုံလွယ်သူ……..
……………………………….
ခေါင်းညိမ့်……….
……………………………….
ရင်ခုန်သံတွေနဲ့ နှစ်သိမ့်ပေးခဲ့ဖူးတယ်
ရိုးလွန်းတော့ အ
အ ရာက နုံ
နုံ လွန်းတော့ ထုံနေခဲ့ပြီဗျ
(ဒီကောင့်ရင်ဘတ်………..)
အသားမာတွေတောင် တက်နေခဲ့ရပေါ့
ဂျပိုးက လိပ်ဖြစ်လိုက်
လိပ်က ဂျပိုးဖြစ်လိုက်နဲ့ 
သူခိုးကိုတော့ ဓားရိုးကမ်းတယ်
(ဟော့ဒီကောင် အသည်း…..)
ဟက်တက်ဗျာ………
………………………………………
ဟက်တက်ကြီးကွဲခဲ့ရအောင်လို့ 
မနာဘူးလို့ အော်ဟစ်
သေသေသပ်သပ် ပြုံးပြ
ချောင်ပိတ်အသတ်ခံလိုက်ရတဲ့ရင်ဘတ်
တဆတ်ဆတ်နာတယ်ဆိုတာ
(ငါနင့်ကိုမပြောဘူး………)
နင်……..မရက်စက်ဘူး……………
……………………………………………
ထပ်မေးလဲအပိုပဲ…………
……………………………………………
နင်မရက်စက်ဘူး………..
……………………………………………
ဘယ်သူဘယ်လိုမေးမေး……
……………………………………………..
ငါအလွတ်ကျက်ထားတယ်…….
……………………………………………..
နင်မရက်စက်ဘူး………………
……………………………………………….
နင်မရက်စက်ဘူး…….
……………………………………………..
ငါမပြောရက်ဘူး……….
……………………………………………..
အဲဒီ့တော့ နင်မရက်စက်ဘူးပေါ့…….
………………………………………………..
ဖျပ်ကနဲ ဖျပ်ကနဲ
လင်းလက်………..
………………………………………………..
(နတ်သမီး………)
တိမ်ပေါ်ခုန်တက်
ကျွန်တော့်ကိုသတ်ခဲ့တယ်ဆိုတာ
(တကယ့်အမှန်တရား………)
ဘာမှလှည့်ဖျားပြောနေစရာမလိုဘူး
(ဒါပေမယ့် ခင်ဗျားတို့ လာမမေးနဲ့ )
သူ……
…………………………………………
ကျွန်တော့်အပေါ်…….
………………………………………..
လုံးဝ မရက်စက်ခဲ့ပါဘူး…….
………………………………………….
(တကယ်ပြော………..)
သူ……..
………………………..
ကျွန်တော့်အပေါ်………
……………………………………………
လုံးဝ……
…………………………………..
မရက်စက်ခဲ့ပါဘူးဗျာ……..
……………………………………………….
………………………………………………………..။ ။
မိုးထက်အောင်
Comment #2
ဟုတ်ကဲ့….အမှားကိုထောက်ပြပေးတဲ့အတွက်ကျေးဇူးအများကြီတင်ပါတယ်အစ်ကိုဇာတိရေ…….
အစ်ကိုသားသားကိုလဲကျေးဇူးတင်ပါတယ်ဗျ…….အများကြီးပဲ……….:)
Comment #4
ကျွန်တော်က ကဗျာဆရာမဟုတ်ပါဘူးဗျာ….ကဗျာဝါသနာပါတဲ့သူပါ
အားအကြီးကြီးပေးတဲ့အတွက် ..ကျေးဇူးအကြီးကြီးတင်ပါတယ်အစ်မအသဲကွဲမိုးရေ….
Comment #6
အစ်ကိုမိုးဇက်ရေ…..မရက်စက်ဘူးလို့ ပဲကျွန်တော်ထင်နေပါရစေဗျာ…….နော်…
Comment #8
အစ်ကိုမိုးဇက်ရေ….ကျွန်တော့်ကိုအစတွေဖော်နေတာလားဗျာ…..ပိုဆိုးလာတာဗျ…
ဒီကဗျာရေးပြီးမှပိုဆိုးလာသလိုပဲ……
Comment #10
ဟာဗျာ….အစ်ကိုကလဲ…….
🙂
Comment #12
ကျွန်တော်ကစောင့်ခေါ်ရမှာမဟုတ်ဘူး…လိပ်ပြာလေးရဲ့……
တကယ်ကကျန်နေရစ်ခဲ့တဲ့သူပါဗျ….
တော်တော်နောက်ကျနေပြီ………………….။
Comment #13
အဲဒီလိုမျိုးအချစ်တွေလဲရှိသေးတာသိရလို့ဝမ်းသာပါတယ်ရှင်… ဘက်ညီသွားတာပေါ့.. (ယောက်ျားလေးကြီးပဲအသည်းခွဲတာခံနေရတဲ့လူတေအတွက်ပြောပါတယ်) …….. 😛
Comment #14
အဲ…ဆောရီးနော်..ယူခံစားရတာကိုဝမ်းသာလို့ပြောတာမဟုတ်ဘူးနော်.. တစ်မျိုးမထင်ပါနဲ့…….. 🙂
Comment #15
သြော်…….
ဟုတ်ကဲ့ပါ အစ်မ မေ ရေ……..
ယောက်ျားလေးပဲဖြစ်ဖြစ်…မိန်းကလေးပဲဖြစ်ဖြစ်အသည်းခွဲခံရတယ်ဆိုရင်တော့ကွဲတာပါပဲဗျာ
ဘာပဲပြောပြောကိုယ့်ချစ်သူကိုတော့ခွင့်လွှတ်သင့်တာပေါ့…
ဘာအကြောင်းနဲ့ ပဲဖြစ်ဖြစ်ပေါ့…ကိုယ်ကချစ်မိတာကို
ကျွန်တော့်နတ်သမီးလေးကတော့
ကျွန်တော့်ကိုအသည်းခွဲခဲ့တာမဟုတ်ဘူးဆိုတာတော့ကျွန်တော်ပြောချင်ပါတယ်
…………………………………………..
Comment #16
သြော်…….
ဟုတ်ကဲ့ပါ အစ်မ မေ ရေ……..
ယောက်ျားလေးပဲဖြစ်ဖြစ်…မိန်းကလေးပဲဖြစ်ဖြစ်အသည်းခွဲခံရတယ်ဆိုရင်တော့ကွဲတာပါပဲဗျာ
ဘာပဲပြောပြောကိုယ့်ချစ်သူကိုတော့ခွင့်လွှတ်သင့်တာပေါ့…
ဘာအကြောင်းနဲ့ ပဲဖြစ်ဖြစ်ပေါ့
ကျွန်တော့်နတ်သမီးလေးက ကျွန်တော့်အသည်းကို
ခွဲခဲ့တာမဟုတ်ဘူးလို့ ပဲပြောချင်ပါတယ်ဗျာ
…………………………………………..
Comment #19
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ……နွေကိုရော….genius.jinx28 ကိုရောခင်ဗျ…
ကျွန်တော့်မှာလိုအပ်တာတွေရှိရင်လည်း ဝေဖန်နိုင်ပါတယ်ခင်ဗျာ……
Comment #20
ရင်ခုန်သံတွေနဲ့ နှစ်သိမ့်ပေးခဲ့ဖူးတယ်
ရိုးလွန်းတော့ အ
အ ရာက နုံ
နုံ လွန်းတော့ ထုံနေခဲ့ပြီဗျ
(ဒီကောင့်ရင်ဘတ်………..)
အသားမာတွေတောင် တက်နေခဲ့ရပေါ့
ဂျပိုးက လိပ်ဖြစ်လိုက်
လိပ်က ဂျပိုးဖြစ်လိုက်နဲ့ 
သူခိုးကိုတော့ ဓားရိုးကမ်းတယ်
(ဟော့ဒီကောင် အသည်း…..)
ဟက်တက်ဗျာ………
………………………………………
ဟက်တက်ကြီးကွဲခဲ့ရအောင်လို့ 
မနာဘူးလို့ အော်ဟစ်
သေသေသပ်သပ် ပြုံးပြ
ချောင်ပိတ်အသတ်ခံလိုက်ရတဲ့ရင်ဘတ်
တဆတ်ဆတ်နာတယ်ဆိုတာ
(ငါနင့်ကိုမပြောဘူး………)
နင်……..မရက်စက်ဘူး…ကျွန်တော့ အတွက်များရေးပေးထားတာလားဗျာ…..။
အိုး..ခံစားလိုက်ရတာဟုန်းဆန်လို့ အကိုရေ………..။
Comment #21
တကယ်ပါ
သူမရက်စက်ခဲ့ပါဘူး……
Comment #1
Woohhh!!!…So coooll!!…
တကယ်လန်းတယ်
ကဗျာရေးတဲ့ပုံစံပြောင်းသွားတယ်
အားပေးနေမယ် အစ်ကို
🙂