လျှော့ကြိုး
ကျနော့်ခွေးလေး လိမ္မာပါတယ်
ဒါပေမယ့် ကြိုးချည်ထားတယ်
မတော်တဆ ကားတိုက်မိမှာစိုးလို့ပါ………….
ကျနော့်ရည်းစားလေး သိပ်ချစ်ပါတယ်
ဒါပေမယ့် ချုပ်ခြယ်ထားတယ်
သြော်…. မတော်တဆ ဒုက္ခတွေ့မှာစိုးလို့ပေါ့……….
စေတနာနဲ့ဥပေက္ခာ နင်အမြင်မှားရင် မှားနိုင်တယ်ချစ်သူ…
ငါ့ဘက်ကစောင့်ရှောက်တယ်လို့ ဖြောင့်ချက်ပေးရင်
မင်းဘက်ကချုပ်နှောင်တယ်လို့ ထင်မယ်..
ဒီတော့လည်း မင်းပြောတဲ့လှောင်အိမ်ဆိုတဲ့
ငါ့စေတနာ cover တွေကို ခဝါချ
လာသမျှဒဏ်ရာ ခါးစည်းခံမယ်
တကယ်ပါ နင်ပြောတဲ့ဥပက္ခာဆိုတာ
အခုမှတကယ်လိုက်စားမိတာပါ..
ဝင်ချင်ဝင် ထွက်ချင်ထွက်
တံခါးမရှိ ဓါးမရှိပေမယ့်
နောက်တခါဝင်လာမယ်ဆိုရင် မင်း……….
တံခါးစေ့ဖို့တော့လိုမယ် ချစ်သူ………………
Comment #1
ကျနော့်ခွေးလေး လိမ္မာပါတယ်
ဒါပေမယ့် ကြိုးချည်ထားတယ်
မတော်တဆ ကားတိုက်မိမှာစိုးလို့ပါ………….
ကျနော့်ရည်းစားလေး သိပ်ချစ်ပါတယ်
ဒါပေမယ့် ချုပ်ခြယ်ထားတယ်
သြော်…. မတော်တဆ ဒုက္ခတွေ့မှာစိုးလို့ပေါ့……….