လွမ်းတဲ့သမီး (ဖြိုးဖြိုး)
/* မေမေ့မွေးနေ့အတွက် အမှတ်တရရေးပေးထားတဲ့ ကဗျာလေးပါ
အမှန်က သူများတွေလို အကောင်းစား ကဗျာလေးတွေ ရေးပေးချင်တာပါ မရေးတတ်လို့ ရေးတတ်သလိုလေးရေးပြီး အမေ့ကိုပေးတာပါ.. (:
အမေကတော့ ကောင်းတယ်လို့ပြောတဲ့အပြင် အမှတ်တွေလည်းအများကြီးရလိုက်ပါတယ် (ကြွားတာာာာာာာာာာာ:P)*/
အမေ့ရင်ခွင် ဧရိယာပြင်ပရောက်နေတဲ့ သမီး
သုညတွေ တပွေ့တပိုက်နဲ့ပေါ့..
အဲဒီ သမီးပဲပေါ့ မေမေ
အားလုံးကို ဆုံးရှုံးလိုက်ရတဲ့ အချိန်မှာ
မေမေ့ရင်ခွင်ကို လွမ်းသတဲ့…
ဆိုင်ထမင်း ဟင်း ချည်းစားနေရလို့
အမေ့လက်ရာကို လွမ်းသတဲ့…
လျှောက်ရင်း လျှောက်ရင်း လမ်းဆုံးသွားလို့
အမေ့အိမ်ကို လွမ်းသတဲ့….
………………..
……………..
………….
အမေ့ကို လွမ်းသတဲ့
ကြည့်ပါဦး မေမေ
လွမ်းတယ်လို့ ပြောနေတဲ့ ဒီကဗျာထဲမှာတောင်
သမီးလက်ရာ ကျွေးချင်လို့လွမ်းတာ မပါဘူး…
မနက် ဘုရားရှိခိုးချိန် ဆွမ်းတော်မပြင်ပေးရလို့ လွမ်းတာမပါဘူး..
ညဘက် အမေ့အတွက် အိပ်ရာပြင်ပေးချင်လိုက်တာ ဆိုတာလည်း မပါဘူး..
……………………
……………..
…………..
ဆိုတာလည်း မပါဘူး..
အယူချည်းသာရှိခဲ့တဲ့ ဒီသမီး
အဲဒီ သမီးပါပဲမေမေ
နောက်ဆုံးတော့လည်း
“ခလုတ်ထိမှ၊အမိတ” ဆိုတာမှန်ကြောင်း
အကြွင်းမရှိ
သက်သေပြနိုင်လေခြင်း လို့ပဲဂုဏ်ယူလိုက်ရတော့တယ် မေမေ..
{December 3, Friday, 2010 >> 3:25 AM,}, ဖြိုးဖြိုး
mom)))) ရွေးချယ်ခွင့်မရှိပါဘဲ ရလိုက်တဲ့ အမေ့သမီး ဆိုတဲ့ဘ၀လေးက တအားမိုက်လို့ သမီးတအားကြိုက်ပြီး တအားပျော်ပါတယ်.. (: (:
Happy Birthday, mom..
peace b upon mom..
(အဝေးကြီးကနေလှမ်းပို့လိုက်တဲ့ သမီးရဲ့ “peace” လေး လမ်းခုလပ်မှာ ဘေးရန်ကင်းဖို့လည်း ဆုတောင်းပေးလိုက်ကြောင်းပါ.. (: )
Comment #6
ma phyo!! you rock! the poem is awesome!
Comment #10
အင်း ထပ်ပေးမိပြန်ပြီ ( ကွန်မန့် )။ ဒီကဗျာလည်း သဘောကျမိပါကြောင်း
Comment #12
ကဗျာလေးက ..အရမ်းကောင်းတယ်ကွယ်… အရမ်းမှန်လွန်းလို. မေ.မေ.ကို အရမ်းလွမ်းသွားပြီ………
Comment #13
ကဗျာလေးက၇င်ထဲကိုအ၇မ်းအေးမြစေတယ်မမရေ
Comment #1
အယူချည်းသာရှိခဲ့တဲ့ ဒီသမီး
အဲဒီ သမီးပါပဲမေမေ
နောက်ဆုံးတော့လည်း
“ခလုတ်ထိမှ၊အမိတ” ဆိုတာမှန်ကြောင်း
အကြွင်းမရှိ
သက်သေပြနိုင်လေခြင်း လို့ပဲဂုဏ်ယူလိုက်ရတော့တယ် မေမေ..
ကောင်းပါတယ်အစ်မရေ…ဒီလောက်နဲ့ တင်အစ်မ မေမေအများကြီးဝမ်းသာသွားမှာပါဗျာ…..
🙂