လမင်းမဲ့ ည
ချစ်သူရေ…..
နင့် ရဲ့ ရင်ခွင်
ဘယ်သူတွေများခိုဝင်နေပြီလဲ
ငါ့ အပေါ်မှာ
သမုဒရာကြီးလောက်ချစ်ခဲ့ တယ်ဆိုတဲ့ နင့် ရဲ့ အချစ်
ရေတစ်မှုန်စာလောက်ကျန်ပါစေဦးတော့ 
ငါ့ အတွက်သနားလှည့် ပါနော်။
ချစ်သူရေ…..
အပြစ်ကင်းတဲ့ နင့် အချစ်
ငါ့ အတွက်မထိုက်တန်ဘူးလို့ မငြင်းလိုက်ပါနဲ့ 
ချစ်လျက်နဲ့ ညာခဲ့ ရတာ
ငါ့ ရင်တွေနာလှပြီလေ
ဒီအချိန်မှာတော့နင့်ရဲ့ အချစ်လမ်းလေးထက်မှာ
ငါ့ အချစ်ပန်းတွေထာဝရ
ပွင့် လန်းပါရစေ။
ချစ်သူရေ…..
ငါ့ ကိုငဲ့ ကြည့် လှည့် ပါ
အဆုံးမဲ့ မျှော်လင့် နေတဲ့ 
နင့် ရဲ့ ချစ်ခြင်းသစ္စာ
ဒီတစ်ခါတော့ မလွဲပါရစေနဲ့ 
ငါ့ ကောင်းကင်မှာ
လမင်းကြွေသွားဖူးတဲ့ ည
ဒီတစ်ခါတော့ …
လမင်းမဲ့ ည
မဖြစ်ပါရစေနဲ့ …..။
Comment #3
ချစ်စရာကောင်းတဲ့ကဗျာလေးပါပဲ
Comment #1
ချစ်သူရေ…..
ငါ့ ကိုငဲ့ ကြည့် လှည့် ပါ
အဆုံးမဲ့ မျှော်လင့် နေတဲ့ 
နင့် ရဲ့ ချစ်ခြင်းသစ္စာ
ဒီတစ်ခါတော့ မလွဲပါရစေနဲ့ 
ငါ့ ကောင်းကင်မှာ
လမင်းကြွေသွားဖူးတဲ့ ည
ဒီတစ်ခါတော့ …
လမင်းမဲ့ ည
မဖြစ်ပါရစေနဲ့ …..။
ကောင်းပါတယ်ဗျို့ …………..