မေ
အတိတ်တစ်ခုမှာတော့ နင်နဲ့ ငါဟာသူငယ်ချင်းတွေပေါ့…
ဂျစ်ပစီတိမ်တိုက်တွေနဲ့ ငိုကြွေးနေတဲ့ မိုးစက်တွေကြားမှာ
ငါတို့ပျော်ပါးခဲ့ကြဖူးတယ်…
ညှိုးလျတဲ့ ညနေခင်းတွေမှာ ရယ်မောနေတဲ့လေနီတွေကို
ငါတို့လှောင်ပြောင်ခဲ့ကြဖူးတယ်…
လူပြောသူပြောများလွန်းလို့ နာမည်ချင်းရင်းနှီးနေပေမယ့်
သံယောဇဉ်ဆိုတာ ဘာမှန်းတော့သေချာမသိခဲ့ပါဘူး…
လွမ်းတယ်ဆိုတာကိုလည်း ကဗျာဆရာတွေရဲ့အလုပ်လို့
မှတ်ယူခဲ့တဲ့ ငါ့ကို ငတုံးလို့ နင်ပြောဦးမလားပဲ…
အခုတော့လည်း…..
တစ်နယ်စီဝေးနေတဲ့ နင့်ကို ငါလွမ်းဆွတ်နေရင်း
သံယောဇဉ်ဆိုတာကို သင်ယူတတ်ခဲ့ပြီ…
လွမ်းတယ်ဆိုတာလည်း တကယ်ချစ်တဲ့သူတိုင်း
ခံစားတတ်တယ်ဆိုတာ ယုံကြည်လာပါပြီ…
ဒါပေမယ့်…
အတူတူရှိနေတုန်းမှာ “ချစ်တယ်” လို့ တောင်
သေချာမပြောလိုက်ရတဲ့ နင့်ကို ငါဘယ်လိုတမ်းတခွင့် ရှိနိုင်ပါဦးမလဲ…
တိတ်တခိုးအလွမ်းများနဲ့ ရင်မှာပူလောင်မှုတွေကို
ဖြေသိမ့်ရင်းနဲ့သာပဲ…
သြော်……
ခံစားချက်ဆိုတာ ဘာမှန်းမသိတတ်ခဲ့တဲ့ ငါကိုယ်တိုင်တောင်
ကဗျာဆရာဖြစ်နေပါရော့လား…..
လေလွင့်ငှက်
Comment #4
mike de kwar.
Comment #6
ကောင်းတယ် ကဗျာဆို အရမ်းကြိုက်နှစ်သက်တယ် ခံစားမှုတွေပါတယ်နော်
Comment #1
ဒါပေမယ့်…
အတူတူရှိနေတုန်းမှာ “ချစ်တယ်” လို့ တောင်
သေချာမပြောလိုက်ရတဲ့ နင့်ကို ငါဘယ်လိုတမ်းတခွင့် ရှိနိုင်ပါဦးမလဲ…
တိတ်တခိုးအလွမ်းများနဲ့ ရင်မှာပူလောင်မှုတွေကို
ဖြေသိမ့်ရင်းနဲ့သာပဲ……။
အရမ်းခံစားလို့ကောင်းတဲ့ ကဗျာလေးပါပဲ…။ကေ အရမ်းကြိုက်ပါတယ်……။