စောင့်နေသူ (သက်ထွေး)
ကျွန်တော်ကမှတ်တိုင် …
ပုံမှန်
လူတင်လူချကားတစ်စီးထက် …
ဖြတ်သွားဖြတ်လာ
သတိရမှုမျိုးနဲ့သာ ရောက်လာတတ်တဲ့
ခဏတာ
သူမ ခြေဖ၀ါးလေးကို မျှော်သူ … ။
ရက်စွဲတွေနဲ့
နေသားကျလာမှုကို ဟန်ဆောင်မှုလို့
ကျွန်တော်က မြင်တယ် …
အနာဖေးတက်မခံတဲ့ လွမ်းဆွေးမှုနဲ့
မနက်ဖြန်ရောက်လည်း …
ဒီနေ့အကြောင်းပဲ တွေးနေမိဦးမှာပဲ။
လှိုင်းငယ်နဲ့
ပင်လယ်ပါ …
ကိုယ့်အသံကိုယ်ပြန်ကြားချင်တာထက်
ကမ်းခြေဘက် ပြေးကပ်ချင်နေတာကများတယ်။
ယုံပါ …
တုန်ခါစေလိုတဲ့
စိတ်နဲ့တော့
ဒီဖုန်းလေးကို အော်မြည်စေခဲ့တာမဟုတ်ဘူး … ။
ကိုင်ပါ …
လိုအပ်ချက်တစ်ခုအတွက် မဟုတ်လည်း
ကိုင်ပါ …
ဆက်နွယ်မှုတစ်ခု မဖြစ်စေလိုလည်း
ကိုင်ပါ …
စိတ်ဆန္ဒတစ်ခု မဖော်ပြလိုဘူးဆိုလည်း
ကိုင်ပါ …
တစ်ုခုခု ပြောတာ မပြောတာထက်
သူမဘက်က လက်ခံသေးတယ်ဆိုတဲ့အသိ
ကျွန်တော့်ရင်ထဲ ရှိစေချင်သေးတယ်။
ဒီမှာ
ကျွန်တော် စောင့်နေတယ်
သူမ သိစေလိုတဲ့ စိတ်တစ်ခုထဲနဲ့ ။ ။
သက်ထွေး
ဒီဇင်ဘာ ၂ ရက် ၂၀၁၀ ညနေ ၅း၁၉
Comment #4
ကျွန်တော်ကမှတ်တိုင် …
ပုံမှန်
လူတင်လူချကားတစ်စီးထက် …
ဖြတ်သွားဖြတ်လာ
သတိရမှုမျိုးနဲ့သာ ရောက်လာတတ်တဲ့
ခဏတာ
သူမ ခြေဖ၀ါးလေးကို မျှော်သူ … ။
Comment #6
ယုံပါ …
တုန်ခါစေလိုတဲ့
စိတ်နဲ့တော့
ဒီဖုန်းလေးကို အော်မြည်စေခဲ့တာမဟုတ်ဘူး … ။
Comment #10
ကောင်းပါ့ဗျာ။ ဘယ်လိုပြောရမလဲ။ အင်း ကိုင်ပါလို့ပဲပြောလိုက်တော့မယ်။
Comment #11
ကောင်းလိုက်တာ
Comment #13
wow,,,,,,,,
so much nice
Comment #15
hin.,,,.dar lay myar,,,
ei lay a kyan pay me,,
ph ma kine hman ti yin msg poh like pop loh,,
msg poh loh ma ya yin sar tike ka nay poh,,
lwe lwe lay,,
1 ke lo chin yin 1 ke loak naing de nee tway a myar g,,
1 ke ma lo chin loh nee lan ma tway tar pop,,
Comment #16
ကျွန်တော် ကတော့  စောင့် နေတာ မလာရင်..
အိမ် လိုက်သွားမှာ….အိမ် လိုကသွားလို့ မတွေ့ ရင်…
သူ့ အမေ ကို မေးမယ်..
မေးလို့ မရရင်… လူပျောက်တိုင်မယ်..
ကဗျာက ကောင်းလို့ ပါ ..ကို သက်ထွေး ရာ..
Comment #17
he,,he,,lol,,
newun is right,,
if need,,call ambulance.kwi,,kwi,,
Comment #18
မိုက်တယ် Bro!!
Comment #20
ခံစားရတယ်…….
Comment #1
ဒီမှာ….
စောင့်နေတယ်…