ဝေဒနာအလွမ်း
မောင်လာချင်လဲ လာခက်ခဲ၏
လက်တွဲသိမ်းပွေ့ ကြင်မွေ့ခေါ်ငင်
မက်မောခင်မည် မထင်ဝံ့စား
စကားမသွက် ဖွင့်ဟခက်ခက်
မြေအက်ကြားမှာ မြက်ပွင့်မျှသာ
နှမတစ်နေ့ မေ့ရက်မည်။
(မှတ်ချက်။ ။ဒီကဗျာလေးက စာရေးဆရာမ ကြည်းအေးရဲ့ ကဗျာလေးပါ။နားထောင်ရတုံးကတော့ ကဗျာခေါင်းစဉ်ကိုမသိခဲ့ပါဘူး။အခုခေါင်းစဉ်လေးကတော့ ဖြူကြိုက်လို့ ပေးလိုက်တဲံခေါငိးစဉ်လေးပါ။ကဗျာနဲ့မလိုက်ဖက်ဘူးဆိုရင်ဖြူရဲ့ခံစားမှုသက်သက်ပါ။ကဗျာဆရာနဲ့ဘာမှမသက်ဆိုင်ပါ။
ဒီကဗျာလေးကိုလာဖတ်ပေးတဲ့သူငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်ပါတယ်။)
Comment #2
လောကရဲ့ အနစ်သာရ……ဆင်တူယိုးမှားဖြစ်ရလောက်အောင်…ခံစားသူလူသားအပေါင်းတို့ မလွဲမတွေး….ဝေဒနာအလွမ်း..ကဗျာကို…ခံစားကြည့်လို့ ကျေးဇူးတင်ပါတယ်..
Comment #3
မောင်လာချင်လဲ လာခက်ခဲ၏
လက်တွဲသိမ်းပွေ့ ကြင်မွေ့ခေါ်ငင်
မက်မောခင်မည် မထင်ဝံ့စား
စကားမသွက် ဖွင့်ဟခက်ခက်
မြေအက်ကြားမှာ မြက်ပွင့်မျှသာ
နှမတစ်နေ့ မေ့ရက်မည်။
Comment #1
ခင်ခင်ထူးရဲ့
ပန်းကြာဝတ်မှုန်ကိုဖတ်တော့ ကြည်အေးကဗျာနဲ့ တစ်အုပ်လုံးကို ဖန်တီးသွားသလိုပဲ။
ကြည်အေးအများကြီးရှိတယ်လို့ထင်တယ်။
တစ်ပိုင်းတစ်စမို့လို့ ဖတ်ရတာ အားမရဘူး။
တွေ့ရင် တင်ပေးပါဦးနော်။
ဒီမှာ သစ္စာသစ် မရှိဘူးနော်။