ဆောင်းတွင်း အလွမ်းသင့်သူ…….
- မှောင်ချိန်မှာ ပျောက်ရှသွားတဲ့ ပုံရိပ်တခုလို့  အလင်းကို ရှာဖွေမိ အငွေ့ အဖြစ် လေထဲကို ပြန်လွင့်သွားတဲ့  စိတ်ကူးတွေ အရောင်မှေးမှိန်ခဲ့ 
- ၀ိုင်တခွက်လို့ ချိုမြိုင်စွာ မယစ်မူးလိုက်ရပေမဲ့ ကမ်းဝေးသစ်ပင်လို့  အထီးကျန်အလွမ်းနဲ့  ကိုယ့် နတ်သမီးမဟုတ်တဲ့ နတ်သမီးကို တီးတိုးရေရွတ်လို့  မှောင်ချိန်မှာ အလွမ်းသင့်
- ဟိုး အဝေးကြီးမှာ လူပေါင်းများစွာ ညည်းညူဖူးသလို့  ဒဏ်ရာနဲ့ ဝေဒနာဟာ ပြင်းပြစွာ လွမ်းဆွတ်လို့  ကျရူံးဖူးတယ်
- ဆပ်သဖူးတဲ့  အချစ်အတွက် စွန်ကျဲ့ မှုက သံယောဇဉ်တဲ့ ဖြတ်မရတဲ့ ကြိုးပေါ့ ရစ်နှောင်လို့  ရုန်းထွက်ခက်ခဲ့ပြီ
- အလိုရမ္မက် ထိ၊လဲ၊ ခိုက်မှုမပါတဲ့ ရိုးသားစွာ အနားမှာရပ်တည်လို့  ချီနှောင်သူရဲ့  သံယောဇဉ်ကြိုးကရုန်းမထွက်သာသူပါ….
- အမှောင်မပျယ်ခင် နေ၀င်ဆည်းဆာမှာ အိမ်အပြန် ငေါင်းငိုက်စိုက်ကျလို့  အိမ်မက်တွေကို ယောင်ယမ်းမက်ရင်း နေ့ တနေ့ ရဲ့  ဖြတ်သန်းမှုကို ထမ်းပိုးရင်းနဲ့  ဆောင်းအိမ်မက်က ခြောက်လှန့် စဲပေါ့…… 13 ရဲ့ 21
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
# ဆပ်သဖူးတဲ့  အချစ်အတွက် စွန်ကျဲ့ မှုက သံယောဇဉ်တဲ့ ဖြတ်မရတဲ့ ကြိုးပေါ့ ရစ်နှောင်လို့  ရုန်းထွက်ခက်ခဲ့ပြီ
# အလိုရမ္မက် ထိ၊လဲ၊ ခိုက်မှုမပါတဲ့ ရိုးသားစွာ အနားမှာရပ်တည်လို့  ချီနှောင်သူရဲ့  သံယောဇဉ်ကြိုးကရုန်းမထွက်သာသူပါ….
ကြိုက်ပါတယ်ဗျာ…..ကဗျာလေးကချစ်စရာလေးပါဗျ…..။