စတေးခံ
ငါဟာကြယ်တစ်ပွင့်ပေါ့
နင်မော့အကြည့်မှာ
အကြိမ်ကြိမ်ကြွေပြဖူးပါရဲ့……
ငါ့နှလုံးသားက
ဒီမြေပြင်အောက်
အစိပ်စိပ်အမွှာမွှာ ကွဲကြေပြီးရောက်ချိန်မှာ
နင်ကတော့ ဆုတောင်းတွေနဲ့
ပြုံးနေမှာပါပဲ….
ဟုတ်ပါတယ်
ငါဟာ ကြယ်လေးတစ်ပွင့်ပေါ့
နင့်အပြုံးကိုငေးဖို့အတွက်နဲ့
အကြိမ်ကြိမ် ငါ့ကိုယ်ငါစတေးပြီး
ကြွေပြပေးခဲ့ဖူးပါတယ်…..။
Comment #4
har,,,,,,,,,,,
heart hti twar p

Comment #6
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါဟာကြယ်တစ်ပွင့်ပေါ့
နင်မော့အကြည့်မှာ
အကြိမ်ကြိမ်ကြွေပြဖူးပါရဲ့……
ဟုတ်ပါတယ်
ငါဟာ ကြယ်လေးတစ်ပွင့်ပေါ့
နင့်အပြုံးကိုငေးဖို့အတွက်နဲ့
အကြိမ်ကြိမ် ငါ့ကိုယ်ငါစတေးပြီး
ကြွေပြပေးခဲ့ဖူးပါတယ်…..။