အလွမ်း
တစ်စစီပဲ့ကျလာတဲ့ အပိုင်းအစတွေ
ဖတ်ခနဲ ဖတ်ခနဲ ….
အဆီးအတားမရှိဘဲ
ရင်ဘတ်ထဲကြွေကြွေကျ
ကိုယ့်ကိုယ်ကိုတောင် ပြန်မမြင်ရတော့တဲ့အထိပဲ။
သွားတော့မလား
တားဖို့အင်အားမရှိခဲ့ဘူး
ဘယ်တော့ပြန်လာမလဲ
မေးဖို့ အခွင့်အရေး မရှိခဲ့ဘူး
အနားသတ်မသိတဲ့ ပင်လယ်လို
စိတ်တွေဟာ ကြည့်ရုံနဲ့ မှန်းရခက်ခဲ့ပြီ။ ။
အိမ့်သွေးနီ
26.April. 2010 ( Mon )
6:30 PM
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အေးဗျာ…ကဗျာရှင်တွေ လက်ရာက ကောင်းသထက်ကောင်းလာသလိုပဲ။ ကဲ ..အိမ့်သွေးနီးရင် တကယ်ကောင်းတဲ့ ကဗျာတစ်ပုဒ် ခင်ဗျား ဖန်တီးလိုက်တာပဲဗျာ