အတိတ်တွေကို သူ နင်းခြေခဲ့တယ်
ကြည့်စမ်း ….
ပြောင်ချောပြီး နက်မှောင်နေတဲ့ ကတ္တရာလမ်းမထက်မှာ
သက်တမ်းကုန်ဆုံးနေကြတဲ့ ရွက်ဝါကြွေခြောက်တွေ ပြည့်နှက်လို့
င့ါအတွက်
နောက်တစ်ရွက်စာလောက်တောင်
ထပ် ကြွေစရာမြေ မရှိခဲ့ …. ။
သီချင်းသံတွေကို ရပ်စဲလိုက်ပြီ
အသစ်ကိုလဲ မမျှော်နဲ့
အဟောင်းထဲမှာလဲ မပျော်ပါနဲ့
တကယ်ဆို
ကိုယ် ကိုယ်တိုင် ဂီတတစ်ခုကို ဖန်တီးနိုင်ခဲ့ရမှာ … ။
ကန်ရေအစပ်မှာ
လေတွေတိုက်လိုက်တိုင်း
ငါ့ အိပ်မက်တွေ ၀ရုန်းသုန်းကား ကြွေတယ်
တိမ်တေးဖွဲ့ဆို
မိုးတွေညိုတိုင်းလဲ
င့ါ စိတ်ဒဏ်ရာ တဆစ်ဆစ် နာတယ်
နွေမှာ အစွမ်းကုန် ဖူးပွင့်လိုက်ကြဖို့
ပန်းပိတောက်တွေ တာဆူခဲ့ကြတယ်
ခုတော့ … ကြည့်စမ်း
ဒီ ပိတောက်တွေ
အချိန်လွန်မှ ပွင့်ကြရပြီ။
အခမ်းနားဆုံး အရာတွေက
သာမန်လိုပြန်ဖြစ်သွားတဲ့အခါ
အရာရာဟာ
ကိုယ် စိတ်လိုလက်ရ ပျော်ပျော်ရွှင်ရွင် မက်ခွင့်လိုက်ရတဲ့ အိပ်မက်တစ်ခုလို … … ။ ။
အိမ့်သွေးနီ
24 July 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အခမ်းနားဆုံး အရာတွေက
သာမန်လိုပြန်ဖြစ်သွားတဲ့အခါ
အရာရာဟာ……
ပျော်ပျော်ရွှင်ရွင် မက်ခွင့်လိုက်ရတဲ့ အိပ်မက်တစ်ခုလို … … ။ ။
ကြိုက်ပါ၏။ 🙂