တိတ်တခိုး ….
အချစ်ရှိရာ အရပ်နဲ့ လှမ်းလို့
ကျွန်တော့် သောကြာရထားလေး
လမ်းခုလတ်မှာ ဆွေးနေတယ်
လွမ်းလွန်းလို့ရယ်လည်း မဟုတ်ပါဘူး
တခါတခါတော့
ကိုယ့်ကဗျာလေးတွေမှာ
ချစ်သူ့နာမည်ကို ပါစေချင်တယ်လေ
ရင်ထဲက ကောင်မလေးရေ
ချစ်သူကို ချစ်တယ်လို့ ပြောဖို့
အိပ်မက်ထဲတောင် မရဲတဲ့ ကောင်လေး
ဓာတ်ပုံလေးပဲ ငေး နေမယ်
ချီရွန် ( ပုလဲ )
Comment #2
ကျေးဇူးပြုပြီး အဲ့လောက် မလွမ်းပါနဲ့လား .. မနေတတ်လို့ပါ ။ ဟိ
ဒါနဲ့ Status Msg မှာ မင်းကဗျာလေး တင်ထားမိတယ်ကွယ် ..
လွမ်းလွန်းလို့ရယ်လို့ မဟုတ်ပါဘူး။
တခါတခါတော့လဲ ကိုယ့် Status မှာ သူ့ကဗျာလေးတွေ ပါစေချင်တယ်လေ ။
ချစ်တဲ့
……..

Comment #4
ကောင်းပါတယ်… ခံစားချက်က နုညံ့တယ်။ ကောင်းတယ် ။

Comment #5
အစ်ကိုချီရွန်ရေ .. အခုမှပဲ ဖတ်ဖြစ်တယ်ဗျာ ~
ကျွန်တော့် သောကြာရထားလေး
လမ်းခုလတ်မှာ ဆွေးနေတယ်
အရမ်းမိုက်တယ်
မသိလို့ တစ်ခုလောက်မေးပါရစေအစ်ကို.. သောကြာရထားဆိုတာ သောကြာနေ့မှထွက်တဲ့ရထားကိုပြောတာလားဟွင် ! 😛
With respect,
RAY

Comment #1
အဲ့ဒါ ဒူတုန်း ..