ငါ့အကျင့်ဆိုး………….
အလွမ်းက ဆိုးရွားလို့ ပြေရာပြေကြောင်း….
အခြားတစ်ယောက်နဲ့ ဖြေဖျောက်မယ်တဲ့…..
ငါ့နားနဲ့ကြား ငါ့မျက်လုံးနဲ့ မြင်ခဲ့တာတောင်
အသုံးမကျတဲ့ ငါ့ဦးနှောက်က
နင့်ထံမှ တစ်ပါး တခြားကို မသွားလိုဘူးလေ………။
သစ္စာ ဆိုတာ နင့်အတွက် မေ့လို့ကောင်းတဲ့ အကြောင်းအရာတစ်ခုပါ
ဒီလိုမျိုးနဲ့ ငါဖြေသိမ့်…………..လွယ်လွယ်နည်းနဲ့တော့
ငါမေ့မရဘူးဟာ………။
တူညီရာ တူညီကြောင်း တန်ပြန်မှုတွေ ငါမမွေးဖွားရက်
( ငါ့ရဲ့အချစ်က အသစ်မှ မရှိနိုင်တော့ဘဲ)
အချစ်စစ်မသိတဲ့နင်ကတော့
ဝဋ်ကြွေးကိုမကြောက် …….
နင့်ရဲ့အသစ်တွေနဲ့ မော်ကြွားနေတုန်း………
ပျော်မဆုံးနေတုန်း…………..ပြီးတော့ …..ရစ်မူးနေတုန်း………။….။
နင်မသိလို့ပဲ ဖြစ်ဖြစ် နင်မချစ်လို့ပဲဖြစ်ဖြစ်…..
နင့်ကိုချစ်တဲ့ ငါ့ခံစားချက်ကတော့….
မှားယွင်းခြင်းတွေနဲ့…….ရောနှော
ပြင်မရတဲ့ ငါ့အကျင့်ဆိုးက နင့်ကို လွမ်းနေသေးတယ်တဲ့…….။
Comment #2
အရမ်းကောင်းတာပဲ….

Comment #5
မလွမ်းလောက်ပါဘူး…………….
မလွမ်းသင့်တော့ဘူးးးးးးးးးးးးးးးးးးးးးးး

Comment #1
ကောင်းတယ် ကေသရီရေ………:)