အဆိပ်သင့်ည.
မုန်တိုင်းထန် လေပွေနှက်
အခြေနေမဲ့ငှက်လို
ငါ့ကိုယ်ငါ အသရေဖျက်ခဲ့..။
မုဆိုးခြေထောက်
ဆူးမကြောက်တဲ့…
ဆူးအောက်က ဒူးထောက်ခဲ့တဲ့ ခြေရာတွေ
လည်ပြန်ကြည့်ရင်
ရင်နာမိတယ်…..။
ငါ့ဘ၀ ငါ့လောက တစ်ခုလုံး
သောကတွေကွယ်ကာဖုံး
ရင်တစ်ခုလုံး နင်းခြေလို့ 
အသက်ရှုဖို့ တောင်…..
အတိတ်ဟောင်းက
အဆိပ်လောင်းခဲ့လို့ 
အိပ်ခွင့်မရ
အဆိပ်သင့်ညရေ…
ငါ့အတွက်..ငါ့မနက်ဆိုတာ
ငါ့ဘက်မှာတောင်
မရှိတော့ပါလား…။
Comment #6
သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ..။
By: linhtike at Dec 15, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မုန်တိုင်းထန် လေပွေနှက်
အခြေနေမဲ့ငှက်လို
ငါ့ကိုယ်ငါ အသရေဖျက်ခဲ့..။
အဆိပ်သင့်ညရေ…
ငါ့အတွက်..ငါ့မနက်ဆိုတာ
ငါ့ဘက်မှာတောင်
မရှိတော့ပါလား…။
ကောင်းတယ်ဗျ…….ကိုလင်းထိုက်