ငါ့..အလှည့်
ကောင်မလေး
ငါ .. မင်းအတွက်ဆိုရင်
အသုံးမကျတဲ့ ဖားတစ်ကောင်ပေါ့
ကောင်မလေး အကြိမ်ကြိမ် ခုန်ထွက်ပြုပေမယ့်
ငါ . . . ငြိမ်သက်နေမိတယ်
ကောင်မလေး ပူလောင်လွန်းတဲ့
နွေရာသီမှာ မိုးအလာကို
တမ်းတမယ်ဆိုရင် ငါ အော်ပေးရုံကလွဲလို့
ထီးတစ်ချောင်း မဖြစ်ခဲ့ဖူး . . .
ကောင်မလေး
ကဗျာတွေ စာတွေ ရေးစပ်နေချိန်မှာ
ငါငေးမောရုံက လွဲလို့
အကြံဥာဏ် မပေးနိုင်ဘူး
ဘယ်လိုမှ အသုံးမကျတဲ့
ဖားတစ်ကောင်ပေါ့
အား . . .ဗိုက်ဆာလိုက်တာ
ကောင်မလေးရဲ့
ညည်းညူသံ
ကြားရတဲ့အခိုက်
အားရ၀မ်းသာ
သခင့်ရှေ့မှောက်
ခုန်ထွက်ခဲ့ပေါ့
ဒါ… ငါ့အလှည့်
Comment #5
အဲဒီဖားကိစ္စဗျာ……..ကျွန်တော့်မှာလဲတိုင်ပတ်တယ်….ဘာမှန်းကိုမသိတာလိပ်ပြာလေးရေ

Comment #9
အင်းဗျာ…..တော်တော်နောက်တဲ့ ဖား…..

Comment #11
heart ထိသွားသည်

Comment #12
အားပေးသွားပါတယ်ဗျ…..

Comment #13
ဂါးးးးးးးးးးးးးးးးးးး

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အား . . .ဗိုက်ဆာလိုက်တာ
ကောင်မလေးရဲ့
ညည်းညူသံ
ကြားရတဲ့အခိုက်
အားရ၀မ်းသာ
သခင့်ရှေ့မှောက်
ခုန်ထွက်ခဲ့ပေါ့
ဒါ… ငါ့အလှည့်
အရမ်းကောင်းပါတယ်…….:)